ဖြေကြားချက် ၁ ခု
မြေပဲခင်းတွင် နွားကျင်ငယ်ရည်နှင့် ပုလဲမြေဩဇာကို ရောစပ်မပက်ဖျန်းသင့်ပါဘူး။ အကြောင်းရင်းမှာ ၎င်းနှစ်မျိုးလုံးသည် အပင်ကို လောင်ကျွမ်းစေနိုင်သော နိုက်ထရိုဂျင်ဓာတ် အလွန်မြင့်မားစွာ ပါဝင်နေခြင်းကြောင့် ဖြစ်ပါတယ်။ မြေပဲပင်သည် အမြစ်ဖုများမှတစ်ဆင့် နိုက်ထရိုဂျင်ဓာတ်ကို ကိုယ်တိုင်ဖမ်းယူနိုင်စွမ်းရှိသဖြင့် ယခုကဲ့သို့ ပြင်းအားများသော နိုက်ထရိုဂျင်နှစ်မျိုးကို ပေါင်းစပ်ဖျန်းပါက အရွက်များ လောင်ကျွမ်းပျက်စီးသွားနိုင်သည့်အပြင်၊ အပင်ပဲ အဆမတန်ကြီးထွားပြီး မြေပဲဥမဥဘဲ အထွက်နှုန်း ကျဆင်းသွားတတ်ပါတယ်။ ထို့ကြောင့် အပင်လောင်ခြင်းမှ ကာကွယ်ရန်အတွက် နွားကျင်ငယ်ရည် (သို့မဟုတ်) ပုလဲမြေဩဇာ တစ်မျိုးမျိုးကိုသာ ရေနှင့်စနစ်တကျ အချိုးကျရောစပ်၍ သီးခြားစီသာ ပက်ဖျန်းပေးသင့်ပါတယ်။အပင်လောင်မှာစိုးလို့ပါ၊အပင်အတွက်အန္တရာယ်ကင်းသည့်နှုန်းထားကိုမိမိဘာသာချင့်ချိန်စမ်းသပ်ဖျန်းချင်ပါကလည်းဖျန်းနိုင်ပါတယ်၊ နှုန်းထားအခန့်မသင့်ရင်အပင်လောင်မှာ သေချာပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
၃လမြေပဲ ယခုနှစ် မြေပဲခင်းတော်တော်များတွေ့ရပါတယ် အပင်ဝါထွတ်နေပါတယ် စွယ်လဲမချပါဘူး ဒါဘယ်လိုကြောင့်ဖြစ်တာလဲ နောက်...
ဖြေကြားချက် 1 ခု
နွားသေးက ဘယ်နှစ်လထိ အထားခံပါသလည်း ကြာပီဆိုတော့ ပက်ရပါသေးလား
ဖြေကြားချက် 1 ခု
မြေပဲတွေကဥကဥတယ်မှိုနိပ်စက်လို့သိပ်မရလိုက်ဘူး...အပင်ခြေတွေမှာဲကြတာအပင်ကစိမ်းနေပြီးနုတ်လိုက်မှဥတွေပြုတ်ကြနေခဲတာ....
ဖြေကြားချက် 2 ခု
ဆရာတို့ခင်ဗျ အိန္ဒိယ နိုင်ငံမှာ နာမည်ကြီးနေသည့် နွားသေး ။ နွားချေး စသည် အရော (ဆေး)ရည်ကို လီတာ ၂၀ ဆယ်ဆည့် ပုံး...
ဖြေကြားချက် 2 ခု
ဘာလိုအပ့်လဲ များများပဲအောင်
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ