အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aye Myat Phyu
လွန်ခဲ့သော ၄ ပတ် က · သရက်

ပဲကြီးရွက်တွေနူကုတ်ကုတ်ဖြစ်နေလို့ကူညီကြပါဦး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
စိုက်ပျိုးနည်း ပဲကြီး

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 449,403 လွန်ခဲ့သော ၄ ပတ် က

ပဲကြီးပင် (အပင်ပေါက်ခါစ) အရွယ်တွင် အပင်သန်ဟော်မုန်းဆေး (ပင်ပျို) ကို သုံးစွဲမိခြင်းကြောင့် အပင်၏ သဘာဝကြီးထွားမှုစနစ် ကမောက်ကမဖြစ်ပြီး အရွက်များ နူကုတ်ကုတ်ဖြစ်ပွားသွားတာပါ။ ပဲမျိုးစုံသီးနှံများသည် အပင်ပေါက်ခါစတွင် ဟော်မုန်းဓာတ်ပြုမှုအပေါ် အလွန်တုံ့ပြန်လွယ်သဖြင့် ဆေးရှိန်မိသွားခြင်း ဖြစ်ပါတယ်။ ၎င်းကို ကုစားရန်အတွက် ဟော်မုန်းဆေးဖျန်းခြင်းကို ချက်ချင်းရပ်နားပြီး၊ ပထမဦးစွာ ဆေးရှိန်ကျဆင်းသွားစေရန် ပဲခင်းကို ရေသန့်သန့်ဖြင့် နေ့စဉ် (၃) ရက်ခန့် မနက်/ညနေ ပုံမှန်ပက်ဖျန်းပေးပါ။ တစ်ပြိုင်နက်တည်းတွင် မြေဆီလွှာအတွင်းရှိ အစိုဓာတ်က ဆေးဓာတ်ကို ပျော်ဝင်စေရန် ရေသွင်း/ရေဖျန်းခြင်းကို ဂရုစိုက်လုပ်ဆောင်ပေးရပါမယ်။ အပင်များ သဘာဝအတိုင်း ကိုယ်ခံအားပြန်တက်လာစေရန် အနည်းလိုအဟာရ ရွက်ဖျန်းအားဆေးများကို နှုန်းထားနည်းနည်းဖြင့် ဖျန်းပက်အသုံးပြုပေးပါ။ နောက်မှအရွက်များပုံမှန်ဖြစ်ပြီဆိုမှပုံမှန်အတိုင်းဆေးများသုံးစွဲနိုင်ပါတယ်။စုပ်စားပိုးများရှိမရှိကိုလည်း သေချာစစ်ဆေးပေးပါဦး

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။