အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
KYAW SHANE
KYAW SHANE 137
လွန်ခဲ့သော ၁ ရက် က · ဖျာပုံ

ရွှေဘိုဘေးကျားလေးဖြုန်းဖို့ပါ ဘယ်နရက်သားနဲ့ဖြုန်းရင် ပိုထိရောက်ပါသလဲခဗျာ

အပင်အာဟာရ စပါး
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 382,887 လွန်ခဲ့သော ၁ ရက် က

ပုံပါ ရွှေနဂါး စပါးပွင့်သီးတင် (0-52-34) သည် ဖော့စဖရပ် ၅၂% နှင့် ပိုတက်စီယမ် ၃၄% ပါဝင်သော ရွက်ဖျန်းမြေဩဇာ ဖြစ်တယ်။ ရွှေဘိုပေါ်ဆန်း ဘေးကြားစပါးများတွင် သက်တမ်းရက်စွဲအတိအကျထက် စပါးပင်ကြီးထွားမှုအဆင့်အလိုက် (၂) ကြိမ် ဖြန်းပေးခြင်းက အထိရောက်ဆုံး ဖြစ်တယ်။ ပထမအကြိမ်အဖြစ် စပါးနှံစရှည်ပြီး နှံထွက်ညီစေရန် စပါးမှို့ကပ်ချိန် တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် အစေ့အဆံပြည့်ဝအောင်ပြီး အဖျင်းနည်းစေရန် စပါးအနှံစုံ ပန်းပွင့်ပြီးချိန် (နို့ရည်တည်စအချိန်) တွင်လည်းကောင်း ဖြန်းပေးရပါမယ်။ ‌ဆေးထုပ်ပါ နှုန်းထားဖြင့် နေအေးချိန် (နံနက်စောစော သို့မဟုတ် ညနေစောင်း) တွင် ဖြန်းပေးရန် လိုအပ်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။