ဖြေကြားချက် ၇ ခု
စီစဉ်ထားသော မတ်ပဲပေါင်းဆေးဖြန်းပြီးနောက် အားဆေး၊ မန်ကိုဇက်မှိုဆေးနှင့် ဘီတာစီပိုးသတ်ဆေးတို့ကို ရက်ခြား၍ အစဉ်လိုက်ဖြန်းမည့် အစီအစဉ်သည် ပဲပင်အတွက် အလွန်မှန်ကန်ပြီး အဆင်ပြေသော လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ပေါင်းဆေးဖြန်းပြီးပါက ပဲပင်များ ပေါင်းဆေးဒဏ်ကြောင့် ဝါခြင်း၊ ညှိုးခြင်းနှင့် ကြီးထွားမှုရပ်တန့်ခြင်းများ ဖြစ်တတ်သဖြင့် အပင်နာလန်ထူစေရန် အမိုင်နိုအက်ဆစ် (Amino Acid) အားဆေးကို ပေါင်းဆေးဖြန်းပြီး (၃) ရက်မှ (၅) ရက်အကြာတွင် ပထမဆုံး ဖျန်းပေးရပါမယ်။ ထို့နောက် အပင်သန်စွမ်းပြီး မှိုရောဂါကာကွယ်နိုင်ရန် မန်ကိုဇက်မှိုဆေးကို (၃) ရက်ခန့် ထပ်မံခြား၍ ဖျန်းပေးရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ပိုးမွှားဒဏ် ကာကွယ်ရန်အတွက် ဘီတာစီပိုးသတ်ဆေးကို (၃) ရက်ခန့် ထပ်မံရက်ခြား၍ ဖျန်းပေးရပါမယ်။ အကယ်၍ အလုပ်ရှုပ်သက်သာလိုပါက ပေါင်းဆေးဖြန်းပြီး (၄) ရက်အကြာတွင် အားဆေးနှင့် ဘီတာစီပိုးသတ်ဆေး (၂) မျိုးလုံးကို တစ်ပြိုင်တည်း ရောစပ်၍ တစ်ကြိမ်တည်းဖြင့် ဖျန်းပေးနိုင်ပါတယ်။ပြီးမှ မန်ကိုဇက်မှိုဆေးသီးသန့်ဖျန်းပက်ပြီးရောဂါကာကွယ်မယ်ဆိုလည်းရပါတယ်ခင်ဗျာ
@koHein Htet Soe ရပါတယ်ခင်ဗျာ၊ သို့ပေမယ့် နောက်၇-၁၀ရက်အကြာမှာတော့ N,P,Kပါသောအားဆေးတစ်ကြိမ်ကတော့မဖြစ်မနေဖျန်းပေးရပါဦးမယ်ခင်ဗျာ၊ အဟာရကမြေခံမှာမထည့်ခဲ့ဘူးဆိုရင်တော့ အား ဆေးကို အနည်းဆုံး ၃ကြိမ်ကတော့ မဖြစ်မနေဖျန်းပေးရပါမယ်ခင်ဗျာ၊ N,P,Kပါရွက်ဖျန်းအားဆေးတကြိမ်၊ Ca,B,Znတို့လိုအနည်းလိုအားဆေးကို ပန်းပွင့်ချိန်တစ်ကြိမ်၊ အစေ့အဆန်တည်ချိန်နီးမှာ P,Kအချိုးများတစ်ကြိမ်လောက်တော့ဖျန်းပေးရန်လိုအပ်နိုင်ပါတယ်ခင်ဗျာ၊
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မတ်ပဲပင်မှာ ပေါက်လေ့ရှိတဲ့ မြက်နီပင်ကို ဘယ်လိုရှင်းပစ်ရမလဲ ဘာဆေးနဲ့ဖြန်းရမလဲဗျ
ဖြေကြားချက် 1 ခု
မတ်ပဲ ကျဲပြီး 7 ရက်သား ရှိပါပြီ 1.စပါးခွံ ပေါင်းခံရည် ဖြန်းသင့်ပါသလား အကျိုးအပြစ် သိချင်ပါတယ်ခင်မျ တကယ်လို့...
ဖြေကြားချက် 5 ခု
ဂျစ်ပဆမ်ကျောက်မှုန့် က ဘာကိုပြုလုပ်ထားတာလဲ ဘယ်လိုအကျိုးအာနိသင် ရှိချင်ပါတယ်ခင်ဗျ
ဖြေကြားချက် 1 ခု
မတ်ပဲ၂၀ရက်သားကိုပေါင်းသတ်ဆေးဖျန်းပြီးပါပြီ မှိုဆေးအရင်ဖျန်းရမလားအားဆေးအရင်ဖျန်းရမလား ဘာမှိုဆေးဖျန်းသင့်လဲ
ဖြေကြားချက် 3 ခု
မတ်ပဲ စိုက်ပြီး ဘယ်နှစ်ရက်သားလောက်မှာ ငါးအမိုင်နိုဖြန်းသင့်ပါသလဲခင်မျ ပြီး ဘယ်လောက်ပမာဏ သုံးသင့်လဲပေါ့ LAB လက်...
ဖြေကြားချက် 5 ခု