အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
မိုးချစ်ဇော်
လွန်ခဲ့သော ၁ လ က · ထီးချိုင့်

ပဲနီပြားကိုဘယ်လမှာစိုက်ရမလဲ

စိုက်ပျိုးနည်း ပဲနီကြား

ဖြေကြားချက် ၅ ခု

သော်ဇင်
သော်ဇင် 453,510 လွန်ခဲ့သော ၁ လ က
ဤအဖြေဖြင့် ပြေလည်

ပဲနီကြား (ပဲနီပြား) ကို မြန်မာနိုင်ငံတွင် မိုးနှောင်းဆောင်းဦးကာလ ဖြစ်သော အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း အဓိက စိုက်ပျိုးကြပါတယ်။ သီးနှံအောင်မြင်ဖြစ်ထွန်းရန်အတွက် အေးမြသော ရာသီဥတုနှင့် မြေကြီးတွင် ကျန်ရှိနေသည့် မိုးရေအစိုဓာတ် လိုအပ်သောကြောင့် ဖြစ်တယ်။ ရေမဝပ်ဘဲ ရေစီးရေလာကောင်းမွန်သော သဲနုန်းမြေနှင့် မြေနုကျွန်းမြေများတွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး၊ အညာဒေသများတွင် မိုးသီးနှံ ရိတ်သိမ်းအပြီး ဆောင်းသီးနှံအဖြစ် အများဆုံး စိုက်ပျိုးကြပါတယ်။

သော်ဇင်
သော်ဇင် 453,510 လွန်ခဲ့သော ၁ လ က

ပဲနီပြားသည် ရေထက် ရာသီဥတုအပူအအေးနှင့် နေ့တာအလင်းရောင်ပေါ်တွင် အလွန်မူတည်သော သီးနှံဖြစ်ပါတယ်။ မြေအောက်အနက်အထိ သဲနုန်းမြေဖြည့်ထားသဖြင့် အပင်ပိုင်းဆိုင်ရာ အလွန်သန်မာနိုင်သော်လည်း အပွင့်ပွင့်ချိန်တွင် ရာသီဥတုပူလွန်းခြင်း သို့မဟုတ် မိုးရွာသွန်းခြင်း ရှိပါက အပွင့်များအကုန်ကြွေပြီး မသီးဘဲ ဖြစ်တတ်ပါတယ်။ ထို့ပြင် ရေမလောင်းဘဲ သဘာဝအတိုင်း ထားရှိသဖြင့် အချို့နှစ်များတွင် အပင်ပွင့်ချိန်၌ မြေအောက်အစိုဓာတ် လုံးဝခန်းခြောက်သွားပါကလည်း အသီးမတင်ဘဲ ဖြစ်သွားတတ်ပါတယ်။အခြားပိုး၊ရောဂါကျရင်လည်းအသီးမတင်တတ်ပါဘူးခင်ဗျာ

မိုးချစ်ဇော်
မိုးချစ်ဇော် 56 လွန်ခဲ့သော ၁ လ က

မြေကြိးထဲကိုငါးမတ်ပိုက်အရွယ်ကိုနှစ်ပေလောက်ဖောက်ပီးသဲနုနုံးကိုထည့်ပီးအပင်ဖေါက်တယ်4/5/စေ့လောက်ထည့်တာ အသီးတင်နစ်ကျရင်သီးတယ် မရတဲ့နစ်ကျမရဘူး ဘာကွာတာလဲ ဆေးလဲပုံမှန်လိုက်တယ် ရေတော့မလိုက်ဘူး

သော်ဇင်
သော်ဇင် 453,510 လွန်ခဲ့သော ၁ လ က

မြေခံမြေပြင်ချိန်ကတည်းကထည့်ပေးရမှာပါ၊မြေဆီမြေဩဇာကို အရည်ပျော်နိုင်လောက်သည့်အစိုဓာတ်ရှိမယ်ဆိုရင်‌ထည့်ပေးလို့ရပါတယ်ခင်ဗျာ၊ အဓိကတော့ ရွက်ဖျန်းအားဆေးဖျန်းပေးလေ့ရှိကြပါတယ်

မိုးချစ်ဇော်
မိုးချစ်ဇော် 56 လွန်ခဲ့သော ၁ လ က

မြေစည်တို့ကျဘယ်လိုထည့်ရမာလဲ

You

ဆက်စပ်မေးခွန်းများ

ပဲကျဲမလို့ မြစ်ရေက၂ခါတက်တော့ မြေဇာမြက်ကို ဒူးအထိ ထိနေတာ ပဲမချနိုင်ဘူး ဖြစ်နေတာ ပေါင်းသတ်ဆေးသုံးချင်တာ သုံးလို့...

ဖြေကြားချက် 1 ခု

အသီးအပွင့်အားဆေးနဲ့အဆီဖိတ်ရောဖျန်းလို့သင့်သလားဗျ

ဖြေကြားချက် 1 ခု

အဆီဖိတ်(acephate)ကိုဘယ်အချိန်မှာ(မနက်orညနေ)သင့်သလဲဗျ အပင်အားဆေးနဲ့ရောဖျန်းရင်လဲရလားဗျ ပဲနီပြားစိုက်ခင်းပါ

ဖြေကြားချက် 1 ခု

ပဲနီပြားက တဧကကိုမျိုးဘယ်လောက်ကြဲသင့်သလဲ?အရိပ်အနည်းငယ်ရှိတဲ့သရက်ခြံထဲမှာကြဲရင်ဖြစ်နိုင်လားခင်ဗျာ။အပင်ဖြစ်ထွန်း...

ဖြေကြားချက် 3 ခု

ဆရာတို့ခင်ဗျာ ကျနော် နှစ်စဥ်ကုလားပဲ ကြဲနေကြပါ သည်နှစ် ပဲနီကြားကျဲမလို့ အခုမြေက ခြောက်သွားလို့ ရေတင်ပြီးမှ မြေ...

ဖြေကြားချက် 3 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။