အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
aungkolatt
aungkolatt 72
လွန်ခဲ့သော ၄ ပတ် က · ပေါင်းတည်

ပြီးခဲ့တဲတစ်ပတ်လောက်ကနေပူရှိန်းပြင်းခဲပြီ နှစ်ရက်လောက်ကမိုးကြီးကြီးနှစ်ကြိမ်းရွာခဲ့တယ်အနှောက်တော့အသီးကင်းတွေပုတ်နေတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၈ ရက်
ပိုးမွှားရောဂါ သခွား
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 452,472 လွန်ခဲ့သော ၄ ပတ် က

အခုလို ပိုးနဲ့ ရောဂါလုံးဝမရှိဘဲ ရုတ်တရက် မိုးကြီးပြီးနောက် အသီးကင်းပုပ်ရခြင်းဟာ ရာသီဥတုဒဏ်ကြောင့် ဖြစ်ရတဲ့ "ဇီဝကမ္မဖြစ်စဉ် ဖောက်ပြန်မှု" ဖြစ်ပါတယ်။ မိုးသည်းထန်စွာရွာပြီး မြေကြီးထဲ ရေဝပ်သွားတဲ့အခါ အမြစ်တွေ အောက်စီဂျင်ပြတ်လပ်ပြီး အလုပ်မလုပ်တော့တာကြောင့် အသီးကင်းတွေဆီ အာဟာရမပို့နိုင်တော့ဘဲ အပင်က အသီးကို စွန့်ပစ်ပုပ်စုန်းစေတာပါ။ ဒါ့အပြင် စိုထိုင်းဆများပြီး ရေငွေ့ပျံမှုနည်းချိန်မှာ ဆဲလ်တွေခိုင်မာဖို့ လိုအပ်တဲ့ ကယ်လ်စီယမ် (Calcium) ဓာတ်ကို အသီးကင်းဆီ မပို့ဆောင်နိုင်ခြင်း နဲ့ မိုးရေကြောင့် ဝတ်မှုန်မအောင်ခြင်း တို့ကြောင့်လည်း အသီးကင်းပုပ်ရခြင်း ဖြစ်ပါတယ်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် စိုက်ခင်းအတွင်း ရေမဝပ်အောင် ဂရုစိုက်ရမှာဖြစ်ပြီး ရာသီဥတုအခြေအနေပေးသည်နှင့် ကယ်လ်စီယမ်-ဘိုရွန် (Calcium-Boron) နှင့် အမိုင်နိုအက်ဆစ် ပါဝင်သော ရွက်ဖျန်းအားဆေးကို ပက်ဖျန်းပေးခြင်းဖြင့် အပင်ခွန်အားကို ပြန်လည်ဖြည့်တင်းပေးရပါမယ်။

Thein Soe Min
Thein Soe Min အတည်ပြုပြီး 328,158 လွန်ခဲ့သော ၄ ပတ် က

ရာသီဥတုပြင်းထန်တာက အပင်အတွက် ဒဏ်ဖြစ်စေပါတယ်။ အပူချိန်လွန်ကဲတာ မိုးအဆက်မပြတ်ရွာတာတွေက ဝတ်မှုန်ကူးတာတွေကို မအောင်မမြင်ဖြစ်စေပါတယ်။ အခုကာလမှာ မှိုရောဂါမဝင်အောင် စိုက်ခင်း ရေမဝပ်အောင်သတိထားပါ။ ပုပ်တဲ့အသိးတွေကို သေချာရှင်းထုတ်ပေးပါ။ ဒီအသီးတွေမှာ မှိုကပ်နေရင် သူ့ကတစ်ဆင့် အခြားအသီးတွေကို မကူးအောင်လို့ပါ။ ဥတုဒဏ်ခံနိုင်အောင်ရယ် ဝတ်မှုန်ကူးတာ အောင်ဖို့အတွက် ကယ်ဆီယမ်နဲ့ ဘိုရွင်ပါတဲ့ ရွက်ဖြန်းဆေး ဖြန်းပေးပါ။

You

ဆက်စပ်မေးခွန်းများ

၁၀.လပိုင်းမှာအန်နီညိုရာသီဉတုဆိုတော့သခွားစိုက်လို့ရပါတော့မလားစိုက်ပျိုးရေးပညာရှင်တို့ရေအကြံပေးပါအုံးခုသီးနေတဲ့သ...

ဖြေကြားချက် 1 ခု

မဂ်လာပါ ခင်ဗျာ သခွားအသီးလေးတွေဝါပီးကြွေကုန်တယ် ရာသီ ဉတုကြောင့်လာပိုးကြောင့်လာ အစာ များနေလိူ့လာဖြေကြားပေးပါ။🙏

ဖြေကြားချက် 2 ခု

သခွါးပင် အရွက်တွေတွန့်ကုန်တယ် အညွန့် အဖျားလေးတွေ မီးလောင်သလိုခြောက်ပီကြွေကုန်တယ်ခင်ဗျ ဘာကြောင့်လဲခင်ဗျကူညီပါဦး

ဖြေကြားချက် 3 ခု

ရေဝတီသခွားမျိုးပဲရရလပ်ကီး380ရရမင်းလှမျို့နယ်မှာဝယ်လို့မရလို့ပါရမယ်ဆိုရင်ဆက်သွယ့်မယ့်လိပ်စာပို့ပေးပါအုံး

ဖြေကြားချက် 2 ခု

ရန်ကုန်မှာ ဆောင်းရာသီ နွေရာသီ ဂျပန် သခွါး စိုက်လို့ ရနိုင်လားခင်ဗျ

ဖြေကြားချက် 3 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။