အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခင်ဇော်ဝင်း
လွန်ခဲ့သော ၅ နာရီ က · ပင်းတယ

ဆရာခင်ဗျရောဂါရအရွက်တွေအခုလိုရှင်းထားပါတယ်ခင်ဗျဇော်ဗက် 40စီစီ ဖြန်းပြီးစိုးရိမ်စိတ်နဲ့3ရက်လောက်ခြားပြီးမန်ကိုဇက်80ဂရမ်မီသိုမော့40ဂရမ်ဖြန်းပြီးရောဂါရအရွက်အားလုံးရှင်းထားပါတယ်ခင်ဗျရောဂါတော့ထပ်မပြန့်တော့ဘူးဆရာအရွက်ရှင်းပြီးဘယ်ဆေးအရင်သုံးသင့်ပါသလည်းခင်ဗျ အားဆေးလေးလည်းဆရာညွန်းသလိုသုံးချင်ပါတယ်ဆရာကျေးဇူးပြုပြီးထပ်ပြီးညွန်းပေးပါဦးဆရာခင်ဗျ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 383,696 လွန်ခဲ့သော ၃ နာရီ က

နှောင်းပင်နာကျရောဂါ ငြိမ်သွားချိန်တွင် ရောဂါရအရွက်ဟောင်းများကို အမြန်ဆုံး စိုက်ခင်း အဝေးမှ ဖယ်ပေးရပါမယ်။ နောင်တွင်ရောဂါပိုး ဆေးယဉ်ပါးမှုကို ကာကွယ်ရန်အတွက် ယခင်ဖျန်းခဲ့သော မန်ကိုဇက်+ ဒိုင်မီသိုမော့ဆေးများအပြင် အခြား မှိုသတ်ဆေးများနှင့် (၇) ရက်မှ (၁၀) ရက် တစ်ကြိမ် လဲလှယ်၍ ကာကွယ်သောအားဖြင့် ဆက်လက်ဖျန်းပေးသင့်ပါတယ်။ ထို့ပြင် ရောဂါဒဏ်ကြောင့် အားနည်းနေသော အပင်ကို ပြန်လည်လန်းဆန်းပြီး အပွင့်အသီး တင်ကောင်းစေရန် အမိုင်နိုအက်ဆစ်၊ ကယ်လ်စီယမ်-ဘိုရွန် အနည်းလိုအာဟာရ ရွက်ဖျန်းဆေးများကို ဖြည့်တင်းပေးရမည်ဖြစ်ပြီး၊ ရောဂါပြန်ထစေမည့် နိုက်ထရိုဂျင် (ယူရီးယား) မြေဩဇာ အလွန်အကျွံကျွေးခြင်းကိုမူ အထူးရှောင်ကြဉ်ရပါမယ်။နိုက်ထရိုဂျင်များလျှင် အပင်က အရည်ရွှမ်းပြီး နုဖတ်လာကာ နှောင်းပင်နာကျရောဂါ ပြန်လည်ကျရောက်ရန် ပိုမိုလွယ်ကူစေတတ်သောကြောင့် ဖြစ်ပါတယ်။အားဆေးအရင်ဖျန်းပေးပါ၊ပြီးနောက် ၇-၁၀ရက်အကြာမှသာ မှိုဆေးတမျိုးမျိုးထပ်မံဖျန်းပက်ကာပွယ်ပေးပါခင်ဗျာ၊ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်

ခင်ဇော်ဝင်း
ခင်ဇော်ဝင်း 1,040 လွန်ခဲ့သော ၄ နာရီ က

ဟုတ်ကဲ့ သိမ်းလိုက်ပါမယ်ခင်ဗျ

ကိုစိုး
ကိုစိုး 747 လွန်ခဲ့သော ၄ နာရီ က

ရောဂါရအရွက်တွေကို ရှင်းထုတ်ပြီး စိုက်ခင်းထဲမှာ အဲဒီလိုမထားနဲ့။ ဝေးဝေးပစ်။ မဟုတ်ရင် ဖျားနေတဲ့လူမမာဘေးခေါ်ထားသလိုဖြစ်နေလိမ့်မယ်။

You

ဆက်စပ်မေးခွန်းများ

မာလာဝတီမျိူးပါ 10လပိုင်း12ရက်နေ့က ပုံပါ ဝင်းနားမိူသတ်ဆေးနှင့် မင်ဂိုဇက်5ဇွန်း ထည့်ဖျန်းထားပါတယ် ခုရက်ပိုင်း...

ဖြေကြားချက် 1 ခု

အခုချိန်ဆောင်းခရမ်းချဥ်သီးစိုက်ရင် မှီသေးလားဗျ ကျွန်တော်တို့နယ်ဘက်တွေက ဖြစ်လောက်လားရော ပျိုးပင်တွေကို ဝယ်စိုက်...

ဖြေကြားချက် 2 ခု

ခရမ်းချဉ်စသီးနေပီး15ပတ်လည် 10Sကို ရေလီတာ200ပုန်းဆိုဘယ်လောက်ချိုးထည့်ရမလည်း

ဖြေကြားချက် 1 ခု

ခရမ်းချဥ်ပင်တွေ ညိုးကျလာလို့ပါရှင် ပင်စည်ဖြတ်ကြည့်တော့လည်း အကောင်းပါပဲ အမြစ်လည်းအဆင်ပြေတယ် ဘာဖြစ်လို့လဲရှင်...

ဖြေကြားချက် 10 ခု

ဆရာခင်ဗျ ဆိုင်မိုဇနေးနဲ့မီသိုမော့ကိုမန်ကိုဇက်နဲ့ရောပြီးတလည့်စီဖြန်းပါတယ်ခင်ဗျဘယ်ဆေးအထိရောက်ဆုံးဖြစ်မလည်းဆရာ

ဖြေကြားချက် 7 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။