အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇေယျာစိုး
လွန်ခဲ့သော ၁၉ နာရီ က · သဲကုန်း

တခင်းလုံအစက်ပျောက်တွေဖစ်ပီးရဲနေတာဘာဆေးဖြန်းရ

ပိုးမွှားရောဂါ စပါး
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 385,158 လွန်ခဲ့သော ၁၉ နာရီ က

စပါးရွက်ညိုပြောက်ရောဂါ (Brown Spot) ကျတာပါ၊ ဒီရောဂါသည် Bipolaris oryzae မှိုပိုးကြောင့် ဖြစ်ပွားပြီး အာဟာရချို့တဲ့သော စိုက်ခင်းများတွင် ပိုမိုကျရောက်တတ်ပါတယ်။ ဤရောဂါကို ထိရောက်စွာ နှိမ်နင်းရန်အတွက် Azoxystrobin + Difenoconazole(သို့မဟုတ်) Propiconazole မှိုသတ်ဆေးတစ်မျိုးမျိုးကို သတ်မှတ်နှုန်းထားအတိုင်း စနစ်တကျ ပက်ဖျန်းပေးရပါမယ်။ ၎င်းအပြင် အပင်၏ ခံနိုင်ရည်အားကောင်းစေရန်အတွက် ပိုတက်စီယမ် (MOP) မြေသြဇာကို ဖြည့်စွက်ထည့်သွင်းပေးရမည်ဖြစ်ပြီး၊ စိုက်ခင်းတွင် ရေပြတ်လပ်မှုမရှိစေရန်နှင့် ပေါင်းမြက်များ ကင်းစင်စေရန် စနစ်တကျ ပြုပြင်ထိန်းသိမ်းပေးရပါမယ်။နောင်ရာသီများတွင် ရောဂါကင်းဝေးစေရန်အတွက် မျိုးစေ့ကို ရောဂါကင်းသော စိုက်ခင်းမှ ယူခြင်း သို့မဟုတ် မစိုက်ပျိုးမီ မျိုးစေ့ဆေးလူးနယ်ခြင်းကို မဖြစ်မနေ ပြုလုပ်ရန် တိုက်တွန်းလိုပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။