အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုနိုင်လင်း
လွန်ခဲ့သော ၁၀ နာရီ က · နတ္တလင်း

အခြောက့်ကျဲးစပါးခင်မှာ ဆိုပင်ပွါးချိန်လောက်ပဲပုလဲးကြွေးလို့ရတယ်ဆနှံထွက်ချိန်မှာရေမလုံလောက့်ဘူးမိုးရေပဲးရတယ်ဖြန်းဆေးဘာဆေးတွေပက်ရမလဲးမျှဝေပေပါ

မြေဆီလွှာ စပါး

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 385,158 လွန်ခဲ့သော ၃ နာရီ က

ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ကိုနိုင်လင်း
ကိုနိုင်လင်း 316 လွန်ခဲ့သော ၈ နာရီ က

ကျေဇူးပါ

သော်ဇင်
သော်ဇင် 385,158 လွန်ခဲ့သော ၉ နာရီ က

အခြောက်ကြဲစပါးခင်းတွင် ပင်ပွားချိန်၌ ပုလဲ မြေသြဇာကို မြေကြီးအစိုဓာတ်ရှိချိန်တွင်သာ စနစ်တကျ ကျွေးတာမှန်ပါတယ်။ အစိုဓာတ်မရှိဘဲ ခြောက်သွေ့နေစဉ်ကျွေးပါက လေထဲအငွေ့ပျံခြင်းနှင့် အမြစ်လောင်ခြင်းများ ဖြစ်နိုင်ပါတယ်။ စပါးအနှံထွက်ချိန်တွင် မိုးရေကိုသာ အားကိုးရပြီး ရေမလုံလောက်ပါက အပင်မညှိုးနွမ်းစေရန်နှင့် အစေ့အောင်စေရန်အတွက် အပင်ရေငတ်ဒဏ်ခံနိုင်ရည်တိုးစေသော ပိုတက်စီယမ်မြင့်မားသည့် ရွက်ဖြန်းမြေသြဇာ (ဥပမာ - NPK 0-0-50 သို့မဟုတ် 13-0-46) ကို အမိုင်နိုအက်ဆစ် (အပင်အားဆေး) နှင့် ဝတ်မှုန်ကူးအားကောင်းစေမည့် ဘိုရွန် (Boron) ဓာတ် တို့နှင့် တွဲဖက်၍ မနက်စောစော သို့မဟုတ် ညနေစောင်းအချိန်များတွင် ပက်ဖျန်းပေးရပါမယ်။ ရေ မလုံလောက်သည့်အချိန်တွင် အရွက်ဝေဆာပြီး ရေငွေ့ပြန်နှုန်း ပိုများစေမည့် ပုလဲ (သို့မဟုတ်) နိုက်ထရိုဂျင်ဓာတ် အလွန်အကျွံကျွေးခြင်းကို လုံးဝရှောင်ကြဉ်ရပါမယ်ခင်ဗျာ။ နေုက်ထပ်အကြံပြုချင်တာက ပင်ပွားချိန်မှာ ရေလုံလောက်စွာရခဲ့ပါက ပုလဲနှင့် ကွန်ပေါင်းမြေဩဇာရောကျွေးပေးနိုင်ရင်ပိုကောင်းပါမယ်ခင်ဗျာ၊ မြေဩဇာအလုံး အရည်ပျော်ဖို့ရေရှိဖို့တော့လိုတာပေါ့

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။