အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Aung Zay
Aung Zay 48
လွန်ခဲ့သော ၂ ရက် က · ဇလွန်

ဆရာတို့ခဗျာ ခုရာသီချိန်မှာ ကျွန်တော့်ရဲ့လယ်မြေက ထွန်ယက်ဖို့ အနေတော် ဖြစ်နေပါပြီဗျ မတ်ပဲကြဲ ချင်တာ မိုးကလဲရှိနေသေးတယ်ဆိုတော့ ခုချိန်ထွန်ယက်စိုက်ဖို့ အဆင်ပြေနိုင်လားဗျ

စိုက်ပျိုး ဗဟုသုတ မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 407,800 လွန်ခဲ့သော ၂ ရက် က
ဤအဖြေဖြင့် ပြေလည်

@Aung Zay လက်ရှိ မိုးရွာသွန်းမှု ရှိနေသေးသော အခြေအနေတွင် အလျင်စလို ထွန်ယက်စိုက်ပျိုးရန် အဆင်မပြေနိုင်သေးပါဘူး။ မတ်ပဲသည် အစိုဓာတ်လွန်ကဲခြင်းနှင့် ရေဝပ်ခြင်းကို မခံနိုင်သောကြောင့် မိုးရွာနေစဉ် ကြဲပက်မိပါက အစေ့များ ပုပ်ကာ အပင်ပေါက်နှုန်း အလွန်ညံ့ဖျင်းသွားနိုင်သည့်အပြင် မြေကျပ်ခြင်းနှင့် မှိုရောဂါများပါ ကျရောက်နိုင်ပါတယ်။ ထို့ကြောင့် မိုးစဲပြီး လယ်မြေမျက်နှာပြင်တွင် ရေဝပ်မှုမရှိဘဲ အစိုဓာတ် အနေတော်ဖြစ်မည့်အချိန်ကို စောင့်ဆိုင်း၍ မှိုသတ်ဆေး လူးနယ်စိုက်ပျိုးခြင်းကသာ အောင်မြင်ဖြစ်ထွန်းမည့် နည်းလမ်းကောင်း ဖြစ်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။