အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung Lin Oo
Aung Lin Oo 52
လွန်ခဲ့သော ၁ ရက် က · ဇလွန်

မက်ပဲရက်၂၀သါးမှာစိမ့်ကိုင်ပီးအပင်မတက်လို့ဘာဆေးဖျန်းရမလည်းဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည်
အပင်အာဟာရ မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 407,756 လွန်ခဲ့သော ၁ ရက် က

@Aung Lin Oo မတ်ပဲသက်တမ်း ၂၀ ရက်သားတွင် စိမ့်ကိုင်၍ အပင်အထနှေးခြင်းအတွက် Sulphur 80% ဖြင့် မှိုသတ်ဆေးဖျန်းပြီး အမိုင်နိုအက်စစ်နှင့် NPK ရွက်ဖျန်းဆေးဖျန်း ပေးရပါမယ်။ ဆာလဖာ မှို ဆေးဖျန်းသည့်အခါ အပင်လောင်ခြင်းမှ ကာကွယ်ရန် နေပူပြင်းချိန်ကို ရှောင်၍ မနက်စောစော သို့မဟုတ် ညနေပိုင်းတွင် ဖျန်းပေးပါ။ ဆာလဖာဖျန်းပြီး ၃ ရက်မှ ၅ ရက်ခန့်အကြာတွင်မှ အမိုင်နိုအက်စစ်နှင့် နိုက်ထရိုဂျင် (N) ဓာတ်မြင့်မားသော NPK ရွက်ဖျန်းဆေး (ဥပမာ- 30:10:10) ကို တွဲဖက်ဖျန်းပေးခြင်းဖြင့် အပင်စိတ်ဖိစီးမှု လျော့ကျပြီး အတက်အသစ်များ အမြန်ဆုံး ရုန်းထလာစေပါလိမ့်မယ်။ အမြစ်သစ်များ မြန်မြန်ထွက်ရန် ဟူးမစ်အက်စစ် (Humic Acid) ပါ ထည့်သွင်းပေးပါက ပိုမိုထိရောက်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်၊နှစ်သက်၊‌ ထောက်ခံသတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။