အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နံပတ်2
နံပတ်2 1,022
လွန်ခဲ့သော ၂ ပတ် က · ပြည်

ပိုးသတ်ဆေးက အပင်လောင်နိင်ပါသလား အဲလို ဖြစ်သွားလို့ပါ

ပိုးမွှားရောဂါ မြေပဲ
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 452,091 လွန်ခဲ့သော ၂ ပတ် က

@နံပတ်2 ပိုးသတ်ဆေးကြောင့် မြေပဲပင် လောင်နိုင်ပါတယ်။ ဆေးနှုန်းထားလွန်ကဲခြင်း၊ နေပူပြင်းချိန်တွင် ဖြန်းမိခြင်း သို့မဟုတ် မတည့်သည့်ဆေးများ ရောစပ်ဖြန်းမိခြင်းတို့ကြောင့် အပင်တွင် ဆေးအဆိပ်သင့်မှုဖြစ်ကာ အရွက်များ ဝါခြောက်ပြီး တွန့်လိပ်လောင်ကျွမ်းတတ်ပါတယ်။ ၎င်းကို သက်သာစေရန် ဓာတုဆေးဖြန်းခြင်းကို ချက်ချင်းရပ်နားပြီး၊ အပင်အဆိပ်ပြေစေရန် အမိုင်နိုအက်ဆစ်ကို ဖြန်းပေးရပါမယ်။ စိုက်ခင်းကို အစိုဓာတ်ရအောင် ရေသွင်းပေးပြီး နောက်ထပ်ထွက်လာမည့် အညွန့်သစ်များ ပုံမှန်အတိုင်း ပြန်လည်စိမ်းလန်းလာခြင်း ရှိမရှိ စောင့်ကြည့်ရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Thein Soe Min
Thein Soe Min အတည်ပြုပြီး 328,158 လွန်ခဲ့သော ၂ ပတ် က

ဟုတ် ဆေးနှုန်းထားများတာ နေပူနေတဲ့အချိန်မှာ ဖျန်းတာတွေကြောင့် ဆေးလောင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးကို လေ့လာနိုင်ပါတယ် အပင်နှင့် ဆေးလောင်ခြင်း

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။