အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မောင်သက်ဖြိုးဝေ
လွန်ခဲ့သော ၁၄ နာရီ က · လေးမျက်နှာ

ငရုတ်ဒီလို့ ဖစ်နေလို့ ဘာဆေးဖျန်းရမလဲ

ပိုးမွှားရောဂါ ငရုတ်သီး
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 416,817 လွန်ခဲ့သော ၈ နာရီ က

@မောင်သက်ဖြိုးဝေ ပုံပါ ငရုတ်ပင်၏ လက္ခဏာသည် ဖျူဆေရီယမ် ညှိုးရောဂါ (Fusarium Wilt) သို့မဟုတ် ဘက်တီးရီးယား ပင်ညှိုးရောဂါ (Bacterial Wilt) ကျရောက်ခြင်း ဖြစ်နိုင်ပါတယ်။ မည်သည့်ရောဂါဖြစ်ကြောင်း တိကျသေချာစေရန် တောင်သူကိုယ်တိုင် အလွယ်တကူ စစ်ဆေးနိုင်သည့် ကွင်းဆင်းရောဂါရှာဖွေနည်းကို အရင်လုပ်ဆောင်သင့်ပါတယ်။ ညှိုးနေသောအပင်၏ ပင်စည်အောက်ခြေကို ဖြတ်ပြီး ရေကြည်ထည့်ထားသော ဖန်ခွက်ထဲ စိမ်ကြည့်ပါ။ အကယ်၍ မိနစ်ပိုင်းအတွင်း နို့နှစ်ရောင် အချွဲမျှင်များ ဘက်တီးရီးယားအရည်များ စိမ့်ထွက်လာပါက 'ဘက်တီးရီးယားပင်ညှိုးရောဂါ' ဖြစ်ပြီး၊ အချွဲမထွက်ဘဲ ပင်စည်အတွင်းပိုင်း ရေကြောများသာ ညိုနေပါက သင်ယူဆထားသည့် 'ဖျူဆေရီယမ်ပင်ညှိုးရောဂါ' ဖြစ်ပါတယ်။ ဖျူဆေရီယမ်မှိုရောဂါ ဖြစ်ပါက အပင်ခြေမြေကြီးကို ဟိုင်မက်ဇာဇိုး (Hymexazol)ကို စိုရွှဲအောင်ဖျန်းပြီး၊ အပင်အပေါ်ပိုင်းကို အဇိုဆီစထရိုဘင် (Azoxystrobin) ဖျန်းပေးခြင်းသည် ရောက်သော ဆေးဖြစ်ပါတယ်ခင်ဗျာ။ သို့သော် ရောဂါသည် ဘက်တီးရီးယားကြောင့် ဖြစ်နေပါက အဆိုပါမှိုသတ်ဆေးများဖြင့် မသက်သာနိုင်ဘဲ (Kasugamycin) သို့မဟုတ် Copper oxychloride, Bismerthiazole, Oxolinic acid, Copper hydroxide ကဲ့သို့သော ဘက်တီးရီးယားသတ်ဆေးများကို ပြောင်းလဲအသုံးပြုရပါမယ်။ ရောဂါရနေသော အပင်အိုများကို နှုတ်ယူမီးရှို့ဖျက်ဆီးပြီး စိုက်ခင်းအတွင်း ရေမဝပ်အောင် ဂရုစိုက်ပေးရပါမယ်။နောင်ရာသီတွင် ထိုမြေနေရာ၌ ငရုတ်၊ ခရမ်းချဉ်၊ အာလူးကဲ့သို့သော Solanaceae မျိုးရင်းဝင် သီးနှံများကို ဆက်မစိုက်ဘဲ ပြောင်းဖူး သို့မဟုတ် နှံစားသီးနှံများနှင့် သီးလှည့်စိုက်ပျိုးသင့်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ၊ မိမိကိုယ်တိုင် စစ်ဆေးပြီး ဘာကြောင့်ဖြစ်လဲဆိုတာပြန်လည်မေးမြန်းထားနိုင်ပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။