အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကိုလင်းထက်ကျော်
လွန်ခဲ့သော ၄ ရက် က · အင်္ဂပူ

ကလိုဖနပြာ7%ME နဲ့ အီမာမက်တင်ဘန်ဇိုရိတ်5%WPရေားစပ်ပက်ဖျန်ချင်ပါတယ်အဆင်‌ပြေနိုင်ရဲ့လား မတ်ပဲပွင့်ထွေးအတွက်ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၅ ရက်
ပိုးမွှားရောဂါ မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 425,842 လွန်ခဲ့သော ၄ ရက် က
ဤအဖြေဖြင့် ပြေလည်

@ကိုလင်းထက်ကျော် မတ်ပဲပွင့်ထွေးချိန်တွင် ဖျက်ဆီးတတ်သော Spotted pod borer (ပွင့်ထွေးပိုး) ကို နှိမ်နင်းရန်အတွက် ကလိုဖန်နပြာ ၇% ME နှင့် အီမာမက်တင်ဘန်ဇိုရိတ် ၅% WP ဆေးနှစ်မျိုးကို ပေါင်းစပ်ပက်ဖျန်းခြင်းသည် အလွန်ထိရောက်မှုရှိပြီး အဆင်ပြေပါတယ်။ အီမာမက်တင်သည် အဖူးအပွင့်ထဲတွင် ပုန်းအောင်းနေသော လောက်ကောင်များကို အာရုံကြောစနစ်ထိခိုက်စေပြီး သေစေနိုင်ကာ၊ ကလိုရိုဖန်ဒြပ်က ပိုးမွှားများ၏ ဆဲလ်စွမ်းအင်ထုတ်လုပ်မှုကို ဟန့်တားပေးသဖြင့် ဆေးအာနိသင် နှစ်မျိုးပေါင်းပြီး ပိုမိုပြတ်သားစွာ နှိမ်နင်းနိုင်မည် ဖြစ်ပါတယ်။ သို့သော် ဆေးပြင်းနှစ်မျိုးဖြစ်၍ နေပူပြင်းချိန်တွင် ဖျန်းပါက ပဲပွင့်ထွေးများ လောင်ခြင်း၊ ညှိုးနွမ်းခြင်း ဖြစ်တတ်သောကြောင့် ဆေးဘူးပါနှုန်းထားအတိုင်း တိကျစွာထည့်ပြီး လေငြိမ်သော မနက်စောစော သို့မဟုတ် ညနေစောင်းအချိန်တွင်သာ အပင်အနှံ့ စနစ်တကျ ပက်ဖျန်းပေးရပါမယ်။အကယ်၍ ပဲခင်းတွင် လှေးပိုးနှင့် ပွင့် ထွေးလောက်ကောင်များ အလွန်အမင်း ကျရောက်နေခြင်း မရှိပါက ဤကဲ့သို့ ပြင်းအားမြင့် ဆေးပြင်းများကို တွဲဖျန်းမည့်အစား စနစ်တကျ ခွဲခြားဖျန်းခြင်း သို့မဟုတ် ပိုးကျရောက်မှု အခြေအနေပေါ်မူတည်၍ လိုအပ်မှသာ ပေါင်းစပ်ဖျန်းခြင်းက ပိုမိုသင့်တော်နိုင်ပါလိမ့်မယ်။ ဘာဆေးဖျန်းဖျန်း ဆေးဖျန်းရာတွင် လူအန္တရာယ်ကင်းရန် အကာအကွယ်ပစ္စည်းများ စနစ်တကျ ဝတ်ဆင်၍ ဖျန်းပေးပါခင်ဗျာ၊ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။