အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
kyaw zin
kyaw zin 2,229
လွန်ခဲ့သော ၁ ရက် က · ပွင့်ဖြူ

ဧရာပဒေသာ၁၀၇ရက်သားအနှံထွက်စပြုပါပြီပုလဲသီးသန့်ကျွေးသင့်လားဆာလ်ဖာပုလဲပဲကျွေးသင့်လားခဗျ၁လသားမှာ၁၆ပတ်လည်နဲ့ပုလဲကျွေးထားပါတယ်၄၅ရက်သားမှာ၁၅ပတ်လည်သီးသန့်ကျွေးထားပါတယ်၇၅ရက်သားမှာပုလဲပိုတက်ကျွေးထားပါတယ်၉၃ရက်သားမှာပုလဲပိုတက်ထပ်ကျွေးထားပါတယ်အခုနောက်ဆုံးအပတ်မှာဘာကျွေးသင့်လဲခဗျာ၁ဧကဘယ်နှစ်ပြည်ကျွေးသင့် လဲခဗျ

အပင်အာဟာရ စပါး

ဖြေကြားချက် ၃ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 327,959 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

အရင်ရက်တွေမှာ ကျွေးခဲ့တာတွေက စပါးပင်အတွက် တော်တော်လုံလောက်နေပါပြီ။ စပါးပင်ကောင်းဖို့ စိတ်အားထက်သန်နေပေမယ့် ဒီကာလမှ ပုလဲ (နိုက်ထရို) မလိုအပ်တော့ပါဘူး။ ဒီအချိန်မှာ ပုလဲကြောင့် အပင်ဘက်အားပါသွားရင် အရွက်တွေဖားပြီး လဲကျလွယ်တာ၊ အရွက်တွေ နုညံ့လာပြီး မှိုနဲ့ ပိုးတွေကို ဖိတ်ခေါ်သလိုဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အစေ့အဆန်ပြည့်မီဖို့အတွက် ကျွေးချင်တယ်ဆိုရင်တော့ ပိုတက် ၁ ဧက ၅ ပြည်ခန့် ကြဲပက်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ပိုတက်ဆီယမ်ဓာတ်ပါတဲ့ ရွက်ဖျန်းဆေးကို မနက်စောပိုင်းမှာ ပက်ဖျန်းပေးနိုင်ပါတယ်။

kyaw zin
kyaw zin 2,229 လွန်ခဲ့သော ၂၀ နာရီ က

ကျေးဇူးပါဆရာ

သော်ဇင်
သော်ဇင် 425,842 လွန်ခဲ့သော ၁ ရက် က

@kyaw zin ဧရာပဒေသာစပါး သက်တမ်း ၉၀ ရက်ကျော် (နောက်ဆုံးပတ်) အဆင့်သည် အောင်စေ့ဖြစ်ထွန်းပြီး နို့ရည်တည်နေချိန်ဖြစ်သဖြင့် အပင်ကြီးထွားမှုကို အားပေးသော နိုက်ထရိုဂျင်နှင့် ဆာလဖာဓာတ် (ဆာလဖာပုလဲ) ကို လုံးဝမကျွေးသင့်တော့ပါဘူး။ ယခုအချိန်တွင် ဆာလဖာပုလဲကျွေးပါက စပါးနှံအောင်မှုကို မကူညီဘဲ အရွက်နုများပြန်ထွက်လာစေကာ ဖျက်ပိုးနှင့် မှိုရောဂါများကို ပိုမိုကျရောက်စေပြီး အပင်ယိုင်လဲလွယ်စေပါတယ်။ အစေ့အဆန် တင်းပြည့်ကျပ်ပြည့်ဖြစ်ပြီး အလေးချိန်စီးရန်အတွက် ယခင်ကတည်းက အကြိမ်ကြိမ်ကျွေးခဲ့သော ပိုတက်ရှ်ဓာတ် ပါဝင်သည့် ရွက်ဖျန်းမြေသြဇာကိုသာ အရွက်ပေါ်မှတစ်ဆင့် ပက်ဖျန်းပေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

အစိမ်းရောင်လမ်း Appသုံးစွဲရတာအဆင်ပြေကြလားခင်ဗျာ၊ ကျွန်တော်‌ကတော့ Appဖျက်လိုက်၊ အကောင့်ပြန်ဝင်ပြီးသုံးလိုက်ရ...

ဖြေကြားချက် 1 ခု

အခုလာမယ့်ဆောင်းစပါးမှာ ရက်ကိုးဆယ် ထည့်ချင်တယ် နဲနဲ နောက်ကျမှာ ဖစ်တဲ့အတွက် ကြက်သန်းပိုးကျတယ် အဲ့တာ ဘာဆေးဖျန်းရမ...

ဖြေကြားချက် 5 ခု

စပါးပင်များနွားသေးဖြန်းရင်ကောင်းမလားဆရာတဖက်ကလဲမြေဩဇာထည့်မှာပေါ့။

ဖြေကြားချက် 2 ခု

ဧရာပဒေသာ၁၁၀ရက်သားပုံပါအတိုင်းစပါးစေ့ကွဲပြီးဝတ်ဆံထွက်တာအဟာရကြောင့်လားပိုးမွှားကြောင့်လားခဗျာ

ဖြေကြားချက် 2 ခု

စပါးကြီးထွားမှုအဆင့်ကို Vegetative Phase Reproductive Phase Ripening Phase ဆိုပြီး ၃မျိုးရှိတယ်လို့ သိထားပါတယ်...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။