ဖြေကြားချက် ၂ ခု
@bo bo စပါးဆစ်ပိုး (Rice Stem Borer) ကျရောက်ပါက ကောက်ပင်များ အလယ်ရွက်ညှိုးခြင်းနှင့် အနှံဖြူခြင်း (အဖျင်းများခြင်း) ဖြစ်ပေါ်စေသဖြင့် ဓါတုဆေးနှင့် စိုက်ပျိုးရေးနည်းလမ်းများကို ပေါင်းစပ်နှိမ်နင်းရပါမယ်။စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ဓါတုဆေးအနေဖြင့် ပင်လုံးပျံ့အာနိသင်ရှိသော ဖစ်ပရိုနေး (Fipronil)၊ကလိုရမ်ထရန်နီလီပရိုး (Chlorantraniliprole)၊ကာတပ် (Cartap Hydrocloride ဆေးများကို ဆေးဘူးပါညွှန်ကြားချက်အတိုင်း စနစ်တကျ ဖျန်းပက် သုံးစွဲလေ့ရှိတယ်။ တစ်ပြိုင်နက်တည်းတွင် ပိုးဖလံများကို ဖမ်းဆီးရန် မီးရောင်ထောင်ချောက် သို့မဟုတ် ဖယ်ရိုမုန်းထောင်ချောက်များ သုံးစွဲခြင်း၊ နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ပြီး ပိုတက်ရှ်မြေဩဇာ မျှတစွာထည့်ခြင်းနှင့် ရိတ်သိမ်းပြီးနောက် ဆစ်ပိုးခိုအောင်းရာ စပါးငုတ်တိုများကို မီးရှို့ခြင်း သို့မဟုတ် ထွန်းလှန်ဖျက်ဆီးခြင်းတို့ကို မပျက်မကွက် လုပ်ဆောင်ပေးလေ့ရှိတယ်။
ဆက်စပ်မေးခွန်းများ
စပါးပင်များကိုရက်များစွာစုထားသောနွားသေးဖြန်းရင်းအာနိသင်ရှိမရှိဖြေပေးပါဆရာ။ဘယ်ဟာကအကောင်းဆုံးလဲဆရာ။
ဖြေကြားချက် 2 ခု
စပါးကြီးထွားမှုအဆင့်ကို Vegetative Phase Reproductive Phase Ripening Phase ဆိုပြီး ၃မျိုးရှိတယ်လို့ သိထားပါတယ်...
ဖြေကြားချက် 4 ခု
ဧရာပဒေသာ၁၁၀ရက်သားပုံပါအတိုင်းစပါးစေ့ကွဲပြီးဝတ်ဆံထွက်တာအဟာရကြောင့်လားပိုးမွှားကြောင့်လားခဗျာ
ဖြေကြားချက် 2 ခု
ဘာလို့အထွက်နုန်နည်းတာလဲ
ဖြေကြားချက် 2 ခု
ဧရာပဒေသာ၁၀၇ရက်သားအနှံထွက်စပြုပါပြီပုလဲသီးသန့်ကျွေးသင့်လားဆာလ်ဖာပုလဲပဲကျွေးသင့်လားခဗျ၁လသားမှာ၁၆ပတ်လည်နဲ့ပုလဲ...
ဖြေကြားချက် 3 ခု