ဖြေကြားချက် ၂ ခု
နိုဝင်ဘာလ (၁၁ လပိုင်း) သည် ဆောင်းရာသီစတင်ချိန်ဖြစ်၍ သကြားပြောင်း စိုက်ပျိုးရန် သင့်တော်သော်လည်း မြေဆီဓာတ်နည်းပါးနေပါက မြေပြင်ချိန်တွင် သဘာဝမြေဩဇာ (နွားချေး/သစ်ဆွေး) ကို တစ်ဧက လှည်းအစီး ၂၀-၃၀ ခန့်နှင့် အောက်ခံဓာတ်မြေဩဇာ (၁၅:၁၅:၁၅ ကွန်ပေါင်း) ၁ အိတ်ကို မဖြစ်မနေ ထည့်သွင်းပြုပြင်ရပါမယ်။ စိုက်ပျိုးရာတွင် အတန်းကြား ၂ ပေခွဲ၊ ပင်ကြား ၁ ပေ ထားရှိပြီး၊ လက်ရှိရှိနေသော ရေသွင်းစနစ်ကို အသုံးချကာ အစိုဓာတ်မပြတ်အောင် ၇ ရက်မှ ၁၀ ရက်တစ်ကြိမ် ရေသွင်းပေးရန် လိုအပ်ပါတယ်။ အပင်သက်တမ်း ၁၅ ရက်နှင့် ရက် ၃၀ တွင်လည်း ယူရီးယား (ပုလဲ) မြေဩဇာကို အပင်ခြေ၌ ထပ်မံကျွေးပေးရပါမယ်ခင်ဗျာ။
အစိုဓာတ်နည်းနေရင်တော့ ဘောင်ပေါက် နွားချေးဆွေး ဒါမှမဟုတ် သဘာဝမြေသြဇာထည့်ပြီး ရေအရင်ပေးပြီးမှ မျိုးစေ့ချပါ။ ပြီးရင် ကောက်ရိုးနဲ့ ဘောင်အုပ်ထားပေးပါ။ ဒါမှ အစိုဓာတ်ကို ထိန်းပေးပြီး အပင်ပေါက်ကောင်းမှာဖြစ်ပါတယ်။ ပင်ကြား ၁၀ လက်မ တန်းကြား ၂ပေ ၂ ပေခွဲလောက် ထားပေးပါ။ မြေခံထည့်မယ်ဆိုရင်တော့ ၁၅ ပတ်လည် ဒါမှမဟုတ် ၁၆-၁၆-၈ ထည့်ပေးနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ပြောင်းပင်ဖူးတန်ထွက်ခါနီးပိုးစားလို့ဘယ်လိုပိုးသတ်ဆေးသုံးသင့်ပါသလဲ
ဖြေကြားချက် 3 ခု
ပြောင်းဖူး အတွက် သဘာဝပိုးသတ်ဆေး ပြုလုပ်နည်း ပြောပြပေးပါလား
ဖြေကြားချက် 1 ခု
အစေ့ထုတ်ပြောင်းကြားသီးနှံအနေဖြင့်မတ်ပဲစိုက်လို့ရပါသလား
ဖြေကြားချက် 1 ခု
မျိုးစေ့ထုတ်မှာ F1 လို့ရေးထားရင် မျိုးပြန်ခံပြီး စိုက်လို့ရလား
ဖြေကြားချက် 4 ခု
ပြောင်းဖူးခင်း ဖောငမြောင်တောင်ကျနေလို့ ဘာဆေးဖျန်းရမလဲ အီမာမက်တင်ဘန်ဇိုအိတ်တော့ဖျန်းထားပါတယ်
ဖြေကြားချက် 1 ခု