အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Hnin Nu Wai
Hnin Nu Wai 306
လွန်ခဲ့သော ၁ ပတ် က · ဆားလင်းကြီး

မြေပဲအပင် ၁၄ရက်သားပါ ဘာရောဂါပိုးကျရောက်နေတာလည်းရှင့် ပြီးတော့ဘာဆေးဖျန်းရမလည်းရှင့်

ပိုးမွှားရောဂါ မြေပဲ
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 452,091 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

@Hnin Nu Wai ပုံထဲက မြေပဲရွက်မှာ တွေ့ရတဲ့ လက္ခဏာက မြေပဲ ရွက်ထွင်းပိုး/ရွက်လိပ်ရွက်ကပ်ပိုး (Groundnut Leaf Miner) ကျရောက်ဖျက်ဆီးထားခြင်း ဖြစ်ပါတယ်။ ပိုးလောက်ကောင်လေးတွေက အရွက်ရဲ့ အပေါ်ခွံနဲ့ အောက်ခွံကြားထဲ ဝင်ရောက်စားသောက်ပြီး အတွင်းသား ကလိုရိုဖီးလ်တွေကို ဖျက်ဆီးတဲ့အတွက် အရွက်ပေါ်မှာ အညိုရောင် အကွက်အဝိုင်း သို့မဟုတ် အကြောင်းအစင်း လိုင်းလေးတွေဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ မြေပဲပင် ၁၄ ရက်သားအရွယ်တွင် ကျရောက်သော မြေပဲရွက်ထွင်းပိုးကို ထိရောက်စွာ နှိမ်နင်းရန်အတွက် အရွက်အတွင်းပိုင်းအထိ ထိုးဖောက်နိုင်စွမ်းရှိသည့် ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေး သို့မဟုတ် အစာအိမ်အဆိပ်သင့်စေသော ပိုးသတ်ဆေးများကို အသုံးပြုရပါမယ်။ စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ အထူးသဖြင့် ဒီုင်မီသိုအိတ် (Dimethoate)၊ ပရိုဖီနိုဖော့ (Profenofos) သို့မဟုတ် ကလိုရမ်ထရန်နီလီပရိုး (Chlorantraniliprole)၊ Deltamethrim ပါဝင်သော ဆေးဝါးများကို ညနေခင်း နေအေးချိန်တွင် အရွက်အထက်အောက် နှံ့စပ်အောင် ဖျန်းပေးသုံးစွဲလေ့ရှိတယ်။ ထို့ပြင် ပိုးမွှားခိုအောင်းရာ ပေါင်းမြက်များကို ရှင်းလင်းခြင်းနှင့် ညဘက်တွင် ဖလံကောင်များဖမ်းရန် မီးထောင်ချောက်ထွန်းခြင်း စသည့် စိုက်ပျိုးရေးနည်းစနစ်များကိုပါ တွဲဖက်လုပ်ဆောင်လေ့ရှိတယ်။ဤအဖြေဖြင့်ပြေလည်သည်အမှန်ခြစ်၍သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ။

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။