အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ko kway
ko kway 12
လွန်ခဲ့သော ၁ ပတ် က · ရွာငံ

လိမ္မော်ပင်အတွက် ရွာငံ အင်းကြီး မိုးများ ဒေသ တောင်စောင်းမြေ တစ်နှစ်စာ လအလိုက် ဖျန်းရမယ်ဆေးနဲ့ ကျွေးရမယ်မြေသြဇာ တို့ကို ဇယားကွက်နဲ့ ဖော်ပြပေးပါအုံး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးရွာ
အပင်အာဟာရ လိမ္မော်

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 452,091 လွန်ခဲ့သော ၁ ပတ် က

@ko kway ရွာငံ အင်းကြီးဒေသကဲ့သို့ မိုးများပြီး ကုန်းမြင့်တောင်စောင်းမြေတွင် လိမ္မော်စိုက်ပျိုးပါက မိုးရေကြောင့် မြေဆီလွှာအာဟာရ မျောပါခြင်းနှင့် မှိုရောဂါကျရောက်ခြင်းကို အဓိကကာကွယ်ရပါမယ်။ မြေပြုပြင်ရာတွင် တိုက်စားမှုသက်သာစေရန် လှေကားထစ်စနစ် ပြုပြင်ရမည်ဖြစ်ပြီး၊ မိုးများ၍ မြေချဉ်တတ်သဖြင့် စိုက်ကျင်းပြင်ချိန်တွင် ဒိုလိုမိုက် (Calcium Magnesium Carbonate) နှင့် သဘာဝမြေဆွေးကို အပင်ခြေကျွေး ထည့်သွင်းရပါမယ်။ တစ်နှစ်စာ လုပ်ငန်းစဉ်အနေဖြင့် - ဇန်နဝါရီ/ဖေဖော်ဝါရီ အသီးခူးပြီးချိန်တွင် ကိုင်းဖြတ်၍ ကော့ပါးအောက်ဆီကလိုရိုက် (Copper Oxychloride) သို့မဟုတ် ဘော်ဒိုမစ်ချားမှိုသတ်ဆေး ရွက်ဖျန်း ပေးပြီး၊ သဘာဝမြေဆွေးနှင့် နွားချေးဆွေးကို အပင်ခြေကျွေး ရပါမယ်။ မတ်/ဧပြီ ပန်းပွင့်ချိန်တွင် နိုက်ထရိုဂျင်နှင့် ဖော့စဖရပ် ပါဝင်မှုမြင့်သော ကွန်ပေါင်းမြေဩဇာ (NPK 15-15-15 သို့မဟုတ် 16-20-0) ကို အပင်ခြေကျွေး ပြီး၊ ပျကောင်နှင့် လိပ်ပြာပိုးအတွက် အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် Acetamiprid ပိုးသတ်ဆေးနှင့်အတူ ဘိုရွန် (Boron) အားဆေးကို ရွက်ဖျန်း ပေးရပါမယ်။ မေ/ဇွန် မိုးဦးကျတွင် ပိုတက်စီယမ်မြေဩဇာ (Muriate of Potash - MOP) ကို အပင်ခြေကျွေး ပြီး၊ လိမ္မော်ပင် သံချေးနှင့် ကင်ကာမှိုရောဂါအတွက် ကာဆူဂါမိုင်စင် (Kasugamycin) သို့မဟုတ် အဇိုဆီစထရိုဘင် (Azoxystrobin) မှိုသတ်ဆေးကို ရွက်ဖျန်း ပေးရပါမယ်။ ဇူလိုင်/ဩဂုတ် မိုးလယ်တွင် ရေနုတ်မြောင်းဖော်ပေးပြီး၊ မှိုရောဂါအကျဆုံးအချိန်ဖြစ်၍ မန်ကိုဇက် (Mancozeb) သို့မဟုတ် ကလိုရိုသာလိုနေး (Chlorothalonil) မှိုသတ်ဆေးကို ရွက်ဖျန်း ကြိုတင်ကာကွယ်ပေးရပါမယ်။ စက်တင်ဘာ/အောက်တိုဘာ အသီးကြီးချိန်တွင် ပိုတက်စီယမ်မြင့်မားသော မြေဩဇာ (NPK 13-13-21) ကို အပင်ခြေကျွေး ပြီး၊ အသီးစုပ်ပိုးနှင့် လှေးပိုးအတွက် အဘာမက်တင် (Abamectin) ပိုးသတ်ဆေးနှင့် ကယ်လ်စီယမ်-ဘိုရွန် (Calcium-Boron) အားဆေးကို တွဲဖက်၍ ရွက်ဖျန်း ပေးရပါမယ်။ နိုဝင်ဘာ/ဒီဇင်ဘာ အသီးမှည့်ချိန်တွင် ဆေးဖျန်းခြင်းအားလုံး ရပ်နားကာ မြေစိုစွတ်မှုထိန်းရန် အပင်ခြေကို ကောက်ရိုးဖုံးအုပ်ပေးရပါမယ်။ ပုံမှန်အစီအစဉ်လေးဆွဲပေးထားတာပါ၊ သို့ပေမယ့် ဘယ်အချိန်မှာ ဘယ်ရောဂါ၊ဘယ်ပိုးကျမယ်အတိအကျမပြောနိူင်တာမို့ ပိုး၊ရောဂါ ကျခဲ့ သည့်အချိန်မှာပုံတင်ပြီး အစိမ်းရောင်လမ်း Appမှာလာမေးနိုင်ပါတယ်ခင်ဗျာ၊ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။