အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Htay Lin Aung
Htay Lin Aung 297
လွန်ခဲ့သော ၁ ပတ် က · ဆားလင်းကြီး

ဘာဆေးသုံးရမလဲဗျ လမ်းညွှန်ပေးကြပါအုံးဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၈ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
ပူ
စိုက်ပျိုးစီးပွား ခရမ်းချဉ်
Post image
Post image
Post image

ဖြေကြားချက် ၇ ခု

သော်ဇင်
သော်ဇင် 449,926 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

@Htay Lin Aung ပုံပါလက္ခဏာအရ ခရမ်းချဉ်ပင်တွင် Phytophthora infestans မှိုကြောင့်ဖြစ်သော နှောင်းပင်နာကျရောဂါ (Late Blight)ကျတာပါ၊ ဒီရောဂါ သည် အရွက်သာမက ပင်စည်အဆစ်အထိပါ အညိုရင့်ရောင် အနာကွက်များ ဝင်ရောက်နေပြီဖြစ်၍ အရေးပေါ် ထိန်းချုပ်ရန် လိုအပ်ပါတယ်။ ဤရောဂါသည် အေးမြစိုစွတ်ချိန်တွင် ရက်ပိုင်းအတွင်း တစ်ခင်းလုံးသို့ ကူးစက်နိုင်သဖြင့် ရောဂါရ အရွက်များကို ချက်ချင်းဖယ်ယူ မီးရှို့ဖျက်ဆီးပြီး အပင်ခြေရွက်ရင့်များ ရှင်းလင်းကာ ရေလောင်းခြင်းကို လျှော့ချပေးရပါမယ်။ ကုသရန်အတွက် ပင်လုံးပြန့်နှင့် ထိသေပေါင်းစပ်ထားသော Cymoxanil + Dimethomorph၊ Metalaxyl + Mancozeb သို့မဟုတ် Azoxystrobin+Difenoconazole ပါဝင်သည့် မှိုသတ်ဆေးများကို အရွက်အောက်မျက်နှာပြင်နှင့် ပင်စည်အထိ စိုရွှဲအောင် ၅ ရက်မှ ၇ ရက်ခြားတစ်ကြိမ် အလှည့်ကျ ပက်ဖျန်းပေးရန် လိုအပ်ပါတယ်။အပင်ခြေပိုင်းရှိ အရွက်ရင့်များကို ရှင်းလင်းပေးပြီး လေဝင်လေထွက် ကောင်းမွန်အောင် ထားပါ။ အပင်ပေါ်မှ ရေဖျန်းလောင်းခြင်းကို ရှောင်ကြဉ်ပြီး နံနက်ပိုင်းတွင် အပင်ခြေရင်းသို့သာ ရေသွင်းပေးပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Htay Lin Aung
Htay Lin Aung 297 လွန်ခဲ့သော ၆ ရက် က

ဟုတ်ကဲ့ပါဗျ ကျေးဇူးပါ မှိုကို ကြိုပြီးဘယ်လိုကာကွယ်ရမလဲဗျ ဘာဆေးတွေနဲ့ကြိုကာရမလဲဗျ

သော်ဇင်
သော်ဇင် 449,926 လွန်ခဲ့သော ၆ ရက် က

@Htay Lin Aung ‌ပထမအကြိမ်ဆေးဖျန်းပြီး 5-7ရက်အကြာမှာ တစ်ကြိမ်လောက်တော့ဖျန်းပေးလိုက်ပါဦးဗျ၊

Htay Lin Aung
Htay Lin Aung 297 လွန်ခဲ့သော ၁ ပတ် က

ဆေးတစ်ကြိမ်ဖျန်းရအုံးမလားဗျ

Htay Lin Aung
Htay Lin Aung 297 လွန်ခဲ့သော ၁ ပတ် က

အရွက်တွေလည်းတော်တော်လေးကိုက်ပြီး ဆေးဖျန်းထားတာနှစ်ရက်ရှိပီ အခုတော့ တော်တော်လေးကြည်နေပီ အကိုရေ ကျေးဇူးပါဗျ ဒီနှစ်မှ စ စိုက်တာဆိုတော့ လမ်းညွှန်ပေးပါအုံးဗျ

သော်ဇင်
သော်ဇင် 449,926 လွန်ခဲ့သော ၁ ပတ် က

@Htay Lin Aung ပုံပါဆေးအဆင်ပြေပါတယ်၊ ဆေးတခါဖျန်းပြီးတိုင် ရောဂါကျအရွက်များဆက်လက်ပျံ့ပွားခြင်းရှိမရှိ၊အမြဲစစ်ဆေးပါ

Htay Lin Aung
Htay Lin Aung 297 လွန်ခဲ့သော ၁ ပတ် က

ဒီဆေးပတ်မလို့ဗျ အဆင်ပြေလားဗျ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။