ဖြေကြားချက် ၁ ခု
@Sai Kaung Myat Kyaw Kyaw စပါးအသက်ရက် (သို့မဟုတ်) စပါးသက်တမ်းဆိုသည်မှာ စပါးမျိုးစေ့အညှောင့်ပေါက်သည့်ရက် (ပျိုးထောင်သည့်ရက်) မှစတင်ကာ စပါးမှည့်၍ ရိတ်သိမ်းနိုင်သည့် အချိန်အထိ ကာလတစ်ခုလုံးကို ခေါ်ဆိုခြင်းဖြစ်ပြီး ရွှေ့ပြောင်းစိုက်သည့်ရက်မှ မတွက်ရပါဘူး။ သို့ဖြစ်၍ စပါးမျိုးတူသော်လည်း ပျိုးသက် ၄၀ ရက်သားဖြင့် နောက်ကျမှစိုက်သူသည် ပျိုးပင်သက်တမ်းရင့်ခြင်းကြောင့် အပင်ပြန်လည်နာလန်ထူရန် ကြာမြင့်ခြင်းနှင့် ပင်ပွားနှုန်းနည်းခြင်းတို့ ဖြစ်ပေါ်တတ်သဖြင့် ပျိုးသက် ၃၀ ရက်သားနှင့် စိုက်သူထက် စပါးမှည့်ချိန်/ရိတ်သိမ်းချိန် နောက်ကျသွားမည် ဖြစ်ပါတယ်။ ရှေးစိုက်ပျိုးရေးစကားပုံဖြစ်သော "ဖုံးတုံးလုံးတုံး လောက်စာလုံး" ဆိုသည်မှာ စပါးပင်ဗိုက်ဖောင်းပြီး အနှံသန္ဓေတည်ချိန်တွင် လယ်ကွက်အတွင်း ရေအခက်ခဲဖြစ်ခဲ့ပါကတမန်းပြင်ကို လောက်စာလုံးလုံး၍ ရလောက်ရုံမျှ အစိုဓာတ်ရှိထားရုံဖြင့် စပါးနှံများ အောင်မြင်ဖြစ်ထွန်းစေမည်ဟူသော အဓိပ္ပာယ်ဖြစ်ပါတယ်။ ဆောင်းရာသီလိုမျိုးအစိုဓာတ်အမြဲရှိရင်တော့ အောင်မြင်လေ့ရှိပြီး နွေရာသီမျိုးတော့အဆင်မပြေပါဘူးခင်ဗျာ၊ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
စပါးဈေး
ဖြေကြားချက် 1 ခု
ဒီ၂၀၂၆ ခုနှစ်မှာ စပါးတွေဘာကြောင့် အထွက်လျော့နည်းတာတွေဖြစ်နေကြလဲ ဘာကြောင့်ဒီလိုဖြစ်နေလဲ သိရင်ဖြေပေးပါဦး။
ဖြေကြားချက် 1 ခု
ဆင်းသုခစပါးစိုက်ခင်းကိုမြေဩဇာဘယ်လိုကြွေးရမလဲဆရာ။
ဖြေကြားချက် 3 ခု
ပေါ်ဆန်းစပါးပါ အနှံမစုံသေးပါဘူးမိုးကြောင့် စပါးပင်တွေကလဲနေပါတယ်စိုးရိမ်ရပါသလား မိုးရေစစ်ရင်ပြန်ပြီးအပင်တွေ...
ဖြေကြားချက် 1 ခု
မိုးကြောင့်စပါးပင်တွေကလဲနေပါတယ်အနှံကမစုံတက်သေးပါဘူး ပျက်စီးနိုင်ပါလား အပင်တွေကပြန်လည်ထောင်နိုင်ပါလား
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ