အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Thawzinaung
Thawzinaung 11
လွန်ခဲ့သော ၂ နာရီ က · မတ္တရာ

အယ်နီညိုရာသီဥတုနဲ့ ကုလားပဲစိုက်ရင်အဆင်ပြေနိုင်လားဗျ

စိုက်ပျိုး ရေ ကုလားပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 439,595 လွန်ခဲ့သော ၂ နာရီ က

@Thawzinaung အယ်နီညိုရာသီဥတု၏ ပူပြင်းခြောက်သွေ့မှုနှင့် မြေဆီလွှာအစိုဓာတ် လျင်မြန်စွာခန်းခြောက်မှုဒဏ်ကို ကျော်လွှားနိုင်ရန်အတွက် ခြောက်သွေ့ဒဏ်ခံ သက်တမ်းတိုမျိုးများဖြစ်သော ရေဆင်း-၆၊ ၈၊ ၁၁ ကုလားပဲမျိုးများကို ဦးစားပေးရွေးချယ်ရပါမယ်။ စိုက်ပျိုးရာတွင် မြေတွင်းအစိုဓာတ်မဆုံးရှုံးစေရန် ထွန်ရေးကို လျှော့ချပြင်ဆင်ပြီး ကောက်ရိုးဖြင့် မြေဖုံးအုပ်ပေးရပါမယ်။ အပင်အတွက် အရေးကြီးဆုံးဖြစ်သည့် ပန်းပွင့်ချိန်နှင့် သီးကင်းဝင်ချိန်များတွင် မနက်စောစော သို့မဟုတ် ညနေပိုင်း၌ အရန်ရေစနစ်တကျသွင်းပေးရမည့်အပြင်၊ အပူချိန်မြင့်မားချိန်တွင် ကျရောက်တတ်သော သီးလုံးဖောက်ပိုးနှင့် စုပ်စားပိုးများကိုလည်း ပုံမှန်စစ်ဆေးကာကွယ်နှိမ်နင်းခြင်းဖြင့် အောင်မြင်စွာ စိုက်ပျိုးနိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။