ဖြေကြားချက် ၆ ခု
@Lin Nyunt Oo မြေကြီးသည် ဘောင်မပျက်ဘဲ ညှပ်ဖိနပ်စီး၍ သွားလာနိုင်သော အနေအထားရှိပြီး ပျိုးပင်များလည်း ရှည်နေပြီ ဖြစ်သောကြောင့် ထယ်ပြန်လှန်နေစရာ မလိုဘဲ အမိုးအကာမပါဘဲ တန်းစိုက်ရန် အဆင်ပြေပါတယ်။ သို့သော် မိုးရေကြောင့် ဘောင်ပေါ်ရှိ အပေါ်ယံမြေသားများ ကျစ်ပြီး မာသွားနိုင်သဖြင့် မစိုက်ပျိုးမီ အပေါ်ယံမြေကို အနည်းငယ် ဆွပေးရန်နှင့် စိုက်ကျင်းထဲသို့ မြေအောင်းမှိုကာကွယ်ရန် ထရိုင်ကိုဒါးမား ထည့်သွင်းပေးရန် လိုအပ်ပါတယ်။ အမိုးအကာမပါဘဲ စိုက်ပျိုးမည်ဖြစ်ရာ ရှည်နေသော ပျိုးပင်များ လေတိုက်၍ လဲခြင်း၊ ပင်စည်လိမ်ခြင်းတို့ မဖြစ်စေရန် စိုက်ပြီးလျှင် ပင်ခြေကို မြေလေးဖြင့် သေချာ ထိန်းပေးသင့်ပြီး ထပ်မံ မိုးရွာသွန်းပါက ရေမဝပ်စေရန် ရေနုတ်မြောင်းများကို စနစ်တကျ ဖေယ်ထားပေးရပါမယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
@Lin Nyunt Oo ဖရဲဘောင်ဆွဲပြီး မိုးမိသွားပါက မိုးရွာသွန်းမှု ပမာဏနှင့် မြေဆီလွှာ အခြေအနေပေါ် မူတည်၍ ဆုံးဖြတ်ရပါမယ်။ မိုးရွာရုံတင်ရွာပြီး မြေသားမပျက်ဘဲ အစိုဓာတ် အသင့်အတင့်သာ ရှိပါက ထယ်ပြန်လှန်ရန် မလိုဘဲ အပေါ်ယံမြေကို အနည်းငယ် ဆွပေးကာ ဆက်လက် စိုက်ပျိုးနိုင်ပါတယ်။ သို့သော် မိုးသည်းထန်စွာရွာပြီး မြေကြီး ရွှဲနစ်ကာ ဘောင်များ ပြိုပျက်သွားပါက ယခုအတိုင်း စိုက်လျှင် အမြစ်ပုပ်ခြင်းနှင့် မှိုရောဂါများ ကျရောက်နိုင်သဖြင့် မြေအနည်းငယ် ခြောက်သွေ့သည်အထိ စောင့်ဆိုင်းပြီးမှ ထယ်ပြန်လှန်ကာ နေ (၃) ရက်မှ (၅) ရက်ခန့် သေချာ ပြန်လှန်းပေးသင့်ပါတယ်။ ဘောင်အသစ် ပြန်ဆွဲသည့်အခါ မြေခံတွင် ထရိုင်ကိုဒါးမားမှို ထည့်သွင်းပေးခြင်းဖြင့် မြေအောင်းမှိုရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဖရဲ စိုက်ပျိုးရန် မြေဆီလွာကို ဘယ်လို ပြုပြင်ရမလဲ စိုက်ပျိုးနည်း ပုံစံလည်း သိချင်ပါတယ်။
ဖြေကြားချက် 1 ခု
ဖရဲရွက်တွေကဝါတာတာလိုဖြစ်နေလို့
ဖြေကြားချက် 1 ခု
ဖရဲအရွက်တွေမှာပိုးမကျပဲအဲ့အတိုင်းတွေ့နေလို့ပါ ရှင်းပြပေးပါဦး
ဖြေကြားချက် 1 ခု
ဘောင်အုပ်မိုးကာ ခဲမဲမှာ ဘယ်အခြမ်းကအကျိုးပိုများလဲရှင်းပြပေးပါအုံး
ဖြေကြားချက် 2 ခု
မိုးဖရဲက ဘယ်နှရက်သားဆိုခူးလို့ရပီလည်း
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ