အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးစောမောင်ဌေး
လွန်ခဲ့သော ၂ ရက် က · ကျောင်းကုန်း

ဒီဆေးက မတ်ပဲအတွက်ဘယ်ပိုးတေကိုသေစေလဲဗျ ဘယ်အချိန်မှာစဖျန်းသင့်လဲ

ပိုးမွှားရောဂါ မတ်ပဲ
Post image

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 448,294 လွန်ခဲ့သော ၂ ရက် က

@ဦးစောမောင်ဌေး ပွင့်ထွေးပိုးလောက်ကောင်များသည် မတ်ပဲပွင့်ဖူးနှင့် ပဲတောင့်များအတွင်းထဲသို့ ဖောက်ဝင်ခိုအောင်းကာ ဖျက်ဆီးတတ်သဖြင့် ဤဆေးအမျိုးအစားဖြင့် ဖျန်းပါက ဆေးအာနိသင် တိုက်ရိုက်မထိတွေ့နိုင်၍ ပွင့်ထွေးပိုးကို မနိုင်ပါဘူး။

ဦးစောမောင်ဌေး
ဦးစောမောင်ဌေး 857 လွန်ခဲ့သော ၂ ရက် က

ပွင့်ထွေးမရဘူးလား ဆရာ

သော်ဇင်
သော်ဇင် 448,294 လွန်ခဲ့သော ၂ ရက် က

@ဦးစောမောင်ဌေး ပုံပါဆေးသည် တိုးပွားကူ ၄.၅ အီးစီ (Beta-Cypermethrin 4.5%) ဖြစ်ပြီး မတ်ပဲခင်းများတွင် ကျရောက်တတ်သော ငမြောင်တောင်ပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး၊ သီးလုံးဖောက်လောက်ကောင်များနှင့် ဖျက်ပိုးလောက်ကောင်မျိုးစုံကို ထိသေ၊ စားသေအာနိသင်ဖြင့် အထိရောက်ဆုံး နှိမ်နင်းနိုင်ပါတယ်။ ပဲပင်အစောပိုင်းတွင် ကျရောက်တတ်သော ပျပိုး၊ လှေးပိုးနှင့် စုပ်စားပိုးများကျ‌ ရောက်ခါအစောပိုင်းအဆင့်များတွင်လည်းသုံးနိုင်တယ်။သို့သော် ဝတ်မှုံကူးပေးသည့် အကျိုးပြုပိုးမွှားများကို အဆိပ်သင့်စေနိုင်သဖြင့် မတ်ပဲ ပန်းပွင့်ချိန်တွင် ဖျန်းခြင်းကို ရှောင်ကြဉ်ရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

မင်္ဂလာပါဆရာ ကျွန်တော့တို့ရွာမှာ မိုး‌ေရချိန်နေ့စဉ်၁လက်မ၀န်းကျင်ခန့် ရွာသွန်းခဲ့တာ၃ရက်ဆက်ရှိနေပါပြီ နောက်၂ရက်...

ဖြေကြားချက် 1 ခု

မိုးများ အောက်တက်များပြီး အပင်ကစိမ့်စွဲနေသလိုဖြစ်နေတာ အပင်အကြီးမြန်စေချင်တာပါ TBI 9 မိုလို့ပါ အဲ့တာဘာဆေးသုံးရမ...

ဖြေကြားချက် 1 ခု

ဒီလ အတွင်း မတ်ပဲစျေး တက်လာနိင်ချေရှိသလားဗျ သိတဲ့သူတွေ နဲနဲလောက် ပြောပေးကြပါလားဗျ

ဖြေကြားချက် 3 ခု

ဆရာတို့ခင်ဗျာ အပင်သက် ၁လသား ရှိပါပြီ။ ကျွန်တော်တို့နယ်မှာ မိုးရွာသွန်းရက် ၇ရက်ရှိပါပြီ။ ယမန်နှစ်တွေက မဖြစ်ဖူး...

ဖြေကြားချက် 1 ခု

မတ်ပဲပန်းစပြတဲ့အချိန်မှာ ယူရီးယား+လက်ချား+စုတ်စားပိုးဆေး(သို့)ပွင့်ထွေးဆေး (သို့)မှိုဆေး တမျိုးမျိူး ရောစပ်...

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။