အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
maungsoethuwin
လွန်ခဲ့သော ၃ ရက် က · ဘားအံ

ခရမ်းချဉ်သီးအပင်က စောပင်နာကျလား ဘတ်တီးရီးယားလား ရှင်းပြပေးပါအုံး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
ရာသီဥအုံ့မှိုင်း
ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 449,926 လွန်ခဲ့သော ၃ ရက် က

@maungsoethuwin ပုံပါ ခရမ်းချဉ်ပျိုးပင်များတွင် ဖြစ်ပွားနေသည်မှာ Septoria lycopersici မှိုကြောင့်ဖြစ်သော Septoria leaf spot (စက်တိုးရီးယား ရွက်ပြောက်ရောဂါ) ဖြစ်ပါတယ်။ ဤရောဂါသည် အောက်ခြေရွက်ဟောင်းများတွင် အလယ်ဗဟို မီးခိုးရောင်ဖျော့ပြီး အနားသတ်အညိုရောင်ရှိသော အစက်အပြောက်ငယ်များအဖြစ် စတင်တွေ့ရှိရကာ ပြင်းထန်ပါက အရွက်များ ဝါခြောက်ကြွေကျစေပါတယ်။ ရောဂါမပြန့်ပွားစေရန် ပျိုးပင်များကို မရွှေ့ပြောင်းမီနှင့် ရွှေ့ပြောင်းစိုက်ပြီးနောက်တွင် ရောဂါရနေသော အောက်ခြေရွက်များကို ဆွတ်ခူးမီးရှို့ဖျက်ဆီးရပါမယ်။ ရေလောင်းရာတွင် အရွက်များပေါ် ရေမတင်စေဘဲ အပင်ခြေကိုသာ လောင်းပေးရမည်ဖြစ်ပြီး၊ လိုအပ်ပါက မန်ကိုဇက် (Mancozeb) သို့မဟုတ် ကလရိုသာလိုနေး (Chlorothalonil) ကဲ့သို့သော မှိုသတ်ဆေးများ ပက်ဖျန်း၍ ကာကွယ်နိုင်ပါတယ်။ အကောင်းဆုံးကရောဂါရအပင်များဖယ်ထုတ်ပစ်လိုက်တာအကောင်းဆုံးပါ။စိုက်ခင်းတွင် ကုသရန် လိုအပ်ခဲ့ပါကAzoxystrobin+Difenoconazole သုံးရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။