အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုနိုင်လင်းထက်
လွန်ခဲ့သော ၁ ရက် က · အုတ်တွင်း

မတ်ပဲရေနစ်သွားတာ 4-5 ရက်ဖြစ်သွားပြီ ဆရာ ရေနည်းနည်းတော့ကျန်နေသေးတယ် ရေကုန်သွားရင်ဘာဆေး အရင်သုံးသင့်သလဲခင်ဗျ။မှိုဆေးအရင်သုံးရမလား မြေဩဇာပတ်လို့ရပါသလားခင်ဗျ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၃ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
ပိုးမွှားရောဂါ မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 448,294 လွန်ခဲ့သော ၁ ရက် က

@ကိုနိုင်လင်းထက် မတ်ပဲခင်း ရေကုန်သွားသည်နှင့် မှိုဆေးကို အရင်ဆုံး ပက်ဖျန်းအသုံးပြုသင့်ပါတယ်။ အပင်သက်တမ်း ၃၃ ရက်ရှိပြီး ၄-၅ ရက်ခန့် ရေနစ်ထားသောကြောင့် အမြစ်ပုပ်ရောဂါနှင့် ပင်ခြေပုပ်ရောဂါများ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ ထို့ကြောင့် စိုက်ခင်းထဲရှိ လက်ကျန်ရေများကို အမြန်ဖောက်ထုတ်ပြီး ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် Metalaxy သို့မဟုတ် Foestyl Al သို့မဟုတ် Hymexazol ပါဝင်သော မှိုဆေးတစ်မျိုးမျိုးကို အပင်ခြေနှင်အပင်အပေါ်ပိုင်းပျံ့နှံ့စွာဦးစွာဖျန်းပေးပါ။ ရေနစ်ထားသဖြင့် အမြစ်များ အားနည်းနေချိန်ဖြစ်၍ မြေဩဇာကို ချက်ချင်းမပက်သင့်သေးဘဲ မှိုဆေးဖျန်းပြီး ၅ ရက်မှ ၇ ရက်ခန့်အကြာ အပင်နာလန်ထူလာမှသာ မြေဩဇာကျွေးသင့်ပါတယ်။ ကြားကာလတွင် အပင်အားပြန်ပြည့်စေရန် ရွက်ဖျန်းအားဆေး (အမိုင်နိုအက်စစ်Amino Acid သို့မဟုတ်ပင်လယ်ရေမှော် (Seaweed) ) ကို ဖျန်းပေးနိုင်ပါတယ်။ မြေဩဇာကျွေးမယ်ဆိုရင် ဂျစ်ဆမ်ကျွေးပေးနိုင်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

မတ်ပဲပေါင်းအုပ်ဆေးက ဘယ်နှစ်ရက်သားမှာ အသုံးပြုရတာလဲဗျ ဘယ်ဆေးက ကောင်းလဲ လမ်းညွှန်ပေးပါအုံး

ဖြေကြားချက် 3 ခု

မတ်ပဲ (TBl) အပေါဘက်ကညှိုပြီး ကုတ်ကျတာပါ အမြစ်ကတော့ မြစ်ဖုလိုက်တယ် ဘာဖြစ်တာလဲ မိုးများပြီးအစိုစာတ်များတာလား

ဖြေကြားချက် 2 ခု

မတ်ပဲပန်းစပြတဲ့အချိန်မှာ ယူရီးယား+လက်ချား+စုတ်စားပိုးဆေး(သို့)ပွင့်ထွေးဆေး (သို့)မှိုဆေး တမျိုးမျိူး ရောစပ်...

ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ အပင်သက် ၁လသား ရှိပါပြီ။ ကျွန်တော်တို့နယ်မှာ မိုးရွာသွန်းရက် ၇ရက်ရှိပါပြီ။ ယမန်နှစ်တွေက မဖြစ်ဖူး...

ဖြေကြားချက် 1 ခု

ဒီဆေးက မတ်ပဲအတွက်ဘယ်ပိုးတေကိုသေစေလဲဗျ ဘယ်အချိန်မှာစဖျန်းသင့်လဲ

ဖြေကြားချက် 3 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။