အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
wai phyo naing
လွန်ခဲ့သော ၂ ရက် က · ယင်းမာပင်

ဘော်ဒိုဆေးရည်ကိုခရမ်းချဉ်ပင်စည်အမြစ်ခြေကိုဖျန်းလို့ရပါသလားဗျ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image

ဖြေကြားချက် ၄ ခု

သော်ဇင်
သော်ဇင် 449,926 လွန်ခဲ့သော ၂ ရက် က

@Dain ko ko Mancozeb သို့မဟုတ် Chlorothalonil မှိုသတ်ဆေးတစ်မျိုးမျိုးကို နှုန်းထားအနိမ့်ဖြင့် ဖျန်းပက်ကာကွယ်ပေးနိုင်ပါတယ်

Dain ko ko
Dain ko ko 5 လွန်ခဲ့သော ၂ ရက် က

ငရုပ်ပင်ပေါက်လေးတွေကိုဘာ မိုဆေးနဲ့စဖြန်းသင့်လဲဗျ

သော်ဇင်
သော်ဇင် 449,926 လွန်ခဲ့သော ၂ ရက် က

@wai phyo naing ဘော်ဒိုဆေးရည်ကို ခရမ်းချဉ်ပင်စည် အမြစ်ခြေကို ဖျန်းလို့ရပါတယ်။ ဒီဆေးရည်ဟာ မြေဆောင်မှိုနဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ခါးရိရောဂါ၊ ပင်ခြေပုပ်ရောဂါနဲ့ အမြစ်ပုပ်ရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ခရမ်းချဉ်ပင်ဟာ နူးညံ့တဲ့အတွက် ပြင်းအားလျှော့ပြီး သာ ဖျော်စပ်သုံးစွဲသင့်ပါတယ်။ ဆေးမဖျန်းခင် သံချောင်းအသစ်နဲ့ အက်ဆစ်ဓာတ်ကဲ၊ မကဲ စစ်ဆေးဖို့လိုပြီး မြေကြီးထဲ ကြေးနီဓာတ်စုပုံပြီး မြေဆီလွှာမပျက်စီးစေဖို့ တစ်ရာသီလျှင် ၁ ကြိမ်မှ ၂ ကြိမ်သာ အပင်ခြေ ဖျန်းပေးသင့်ပါတယ်။ အပင်မလောင်ရန်အနည်းငယ်ချင်းစမ်းသပ်သုံးစွဲရမှာမို့ အချိန်ပေးစမ်းသပ်နိုင်မှအဆင်ပြေပါမယ်ခင်ဗျ၊ စမ်းသပ်မှုမလုပ်နိုင်ရင်တော့ မဖျန်းတာအကောင်းဆုံးပါခင်ဗျာ၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Thein Soe Min
Thein Soe Min အတည်ပြုပြီး 328,153 လွန်ခဲ့သော ၂ ရက် က

မရပါဘူး။ ဘော်ဒိုက စပျစ်၊ သရက်တို့လို နှစ်ရှည်ပင်တွေနဲ့သာ သင့်တော်ပါတယ်။ တစ်ရာသီခံပင် အပင်ပျော့တွေမှာ ဖျန်းလိုက်ရင် ဆေးလောင်တာမျိုး ဖြစ်နိုင်သလို မြေကြီးထဲမှာ ကောပါးတွေ စုပုံသွားပြီး မြေဆီလွှာနဲ့ အမြစ်တွေ ပျက်ဆီးနိုင်ပါတယ်။

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။