အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Saw Samson
Saw Samson 264
လွန်ခဲ့သော ၁ ရက် က · ထန်းတပင်

မတ်ပဲ ပွင့်ထွေးပိုးအရမ်းဆိုးနေလို့ အကိုင်းထဲတောင်ဝင်နေတယ် ဘာဆေးဖျန်းရမလဲ အပွင့်ကလှိုင်လှိုင်မပွင့်သေးဘူး ၅၀ရက်သားပါ ဆေးကောင်းတွေသုံးရမလား အပွင့်လှိုင်မှဆေးကောင်းသုံးရမလား ဆေးဆိုင်ကအပွင့်မလှိုင်သေးရင်ပေးစားလိုက်တဲ့ အပွင့်လှိုင်မှဖျန်းတဲ့ ဘာဆေးဖျန်းရမလဲ

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 449,297 လွန်ခဲ့သော ၂၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

@Saw Samson မတ်ပဲ အပင်သက်တမ်း ရက် ၅၀ တွင် ပွင့်ထွေးပိုး အကိုင်းထဲအထိ ဖောက်ဝင်နေပြီဆိုပါက အပွင့်လှိုင်သည်အထိ မစောင့်ဘဲ အခုချက်ချင်း ဆေးကောင်းသုံးပြီး နှိမ်နင်းရပါမယ်။ ပေးစားထားလိုက်ပါက ထွက်လာမည့် ပန်းဖူးများအားလုံး ပျက်စီးသွားပါလိမ့်မယ်။ စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ အကိုင်းနှင့် အထွေးထဲရှိ ပိုးများသေစေရန် ပင်လုံးပြန့်နှင့် ထိုးဖောက်အာနိသင်ရှိသော Chlorantraniliprole၊ Emamectin Benzoate၊ Flubendiamide သို့မဟုတ် Indoxacarb ပါဝင်သည့် ဆေးတစ်မျိုးမျိုးကို ရွေးချယ်သုံးစွဲလေ့ရှိတယ်။ ဆေးဖျန်းရာတွင် အထွေးထဲ ဆေးရည်စိမ့်ဝင်စေရန် စွဲကပ်ပြန့်နှံ့ဆေး ရောစပ်ပြီး ပိုးကောင်များ အစာထွက်စားချိန်ဖြစ်သည့် ညနေ ၄ နာရီနောက်ပိုင်းတွင် ဖျန်းပေး လေ့ရှိတယ်။ နောက် ၇ ရက်မှ ၁၀ ရက်ကြာ၍ အပွင့်လှိုင်ချိန် ထပ်ဖျန်းရပါက ပိုးဆေးယဉ်ပါးမှု မဖြစ်စေရန် အထက်ပါ ဆေးအုပ်စုများထဲမှ မတူညီသော နောက်တစ်မျိုးကို ပြောင်းလဲအသုံးပြုသင့်ပါတယ်။အပင်သက်တမ်း ရက် ၅၀ ဆိုတာ ပန်းပွင့်ဖို့ အဖူးစတင်ဝင်နေတဲ့ အချိန်ပါ။ပွင့်ထွေးပိုးဟာ အရွက်နဲ့ အညွန့်တွေကို ထွေးပြီး ဖျက်ဆီးရုံတင်မကဘဲ အခုလို အကိုင်းထဲအထိပါ ဖောက်ဝင်နေပြီဆိုရင် နောက်ထွက်လာမယ့် ပန်းဖူးတွေကိုပါ အကုန်ကိုက်ဖြတ်ပစ်ပါလိမ့်မယ်။အခုချိန်မှာ ပိုးကောင်တွေကို အမြစ်ပြတ်အောင် နှိမ်နင်းထားနိုင်မှ နောက်တစ်ပတ်၊ ဆယ်ရက်လောက်နေလို့ အပွင့်လှိုင်လှိုင်ပွင့်တဲ့အခါ အပွင့်နဲ့ အသီးတောင့်တွေကို ပိုးမကိုက်ဘဲ အထွက်နှုန်း ကောင်းမှာပါခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 449,297 လွန်ခဲ့သော ၂၂ နာရီ က

@Saw Samson Fipronil + Acetamiprid အရောဆေးသည် ပွင့်ထွေးပိုး (ခူကောင်) အတွက် အဓိကဆေးမဟုတ်သောကြောင့် အကိုင်းထဲနှင့် အထွေးထဲဝင်နေသော ပွင့်ထွေးပိုးများကို ထိရောက်စွာ မသေစေနိုင်ပါဘူး။ ထိုဆေးအရောသည် ပျပိုး၊ ယင်ဖြူ၊ လှေးပိုးနှင့် ဖြုတ်ပိုးကဲ့သို့သော စုပ်စားပိုးများအတွက်သာ အဓိကထိရောက်ပါတယ်။ ပွင့်ထွေးပိုး အနည်းငယ်မျှသာ သေနိုင်ပြီး အကိုင်းထဲရှိ ပိုးကောင်ကြီးများ ဆက်လက်ကျန်ရှိနေနိုင်ပါတယ်။ ထို့ကြောင့် ဆေးဖျန်းပြီး ၃ ရက်မှ ၅ ရက်ခန့် စောင့်ကြည့်ပြီးနောက် ပိုးမသေဘဲ အညွန့်များ ဆက်လက်အထွေးခံနေရပါက ကိုက်ဖြတ်ပိုးသတ်ဆေး စစ်စစ်ဖြစ်သော Chlorantraniliprole၊ Emamectin Benzoate သို့မဟုတ် Flubendiamide ပါဝင်သည့် ဆေးတစ်မျိုးမျိုးကို ပြောင်းလဲဖျန်းပေးရပါမယ်။

Saw Samson
Saw Samson 264 လွန်ခဲ့သော ၂၂ နာရီ က

@သော်ဇင် ဖစ်ပရိုနေးနဲ့ အဆီတာမီပစ်ရောဖျန်းထားတယ် ပွင့်ထွေးပိုးသေ​ေစနိုင်လားဆရာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတ်ပဲရေနစ်သွားတာ 4-5 ရက်ဖြစ်သွားပြီ ဆရာ ရေနည်းနည်းတော့ကျန်နေသေးတယ် ရေကုန်သွားရင်ဘာဆေး အရင်သုံးသင့်သလဲခင်ဗျ။...

ဖြေကြားချက် 1 ခု

မတ်ပဲပေါင်းအုပ်ဆေးက ဘယ်နှစ်ရက်သားမှာ အသုံးပြုရတာလဲဗျ ဘယ်ဆေးက ကောင်းလဲ လမ်းညွှန်ပေးပါအုံး

ဖြေကြားချက် 3 ခု

မတ်ပဲ (TBl) အပေါဘက်ကညှိုပြီး ကုတ်ကျတာပါ အမြစ်ကတော့ မြစ်ဖုလိုက်တယ် ဘာဖြစ်တာလဲ မိုးများပြီးအစိုစာတ်များတာလား

ဖြေကြားချက် 2 ခု

ပုံပါအတိုင်းဖြစ်ပြီး သေနေလို့ပါဗျ ဆေးလဲတစ်ခါမှ မဖျန်းရသေးတော့ ဆေးဖျန်းချင်ပါတယ် ပိုးသတ်ဆေးနဲ့ မှိုဆေးလေးညွှန်း...

ဖြေကြားချက် 4 ခု

မတ်ပဲပန်းစပြတဲ့အချိန်မှာ ယူရီးယား+လက်ချား+စုတ်စားပိုးဆေး(သို့)ပွင့်ထွေးဆေး (သို့)မှိုဆေး တမျိုးမျိူး ရောစပ်...

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။