ဖြေကြားချက် ၁ ခု
@UTheinAung ကုန်းမြင့်ပိုင်းက အပင်အများစု (တစ်ခင်းလုံးရဲ့ ၆၀% အထက်) ကောင်းကောင်းကျန်နေသေးရင် စရိတ်ထပ်မကုန်အောင် တစ်ကွင်းလုံး ပြန်ထွန်စိုက်စရာ မလိုပါဘူးခင်ဗျာ။ ရေမြုပ်ပျက်စီးသွားတဲ့ အနိမ့်ပိုင်း ကွက်လပ်လေးတွေကိုသာ အစိုဓာတ်ရှိတုန်း မျိုးစေ့အသစ် ပြန်လည်ဖာထေးစိုက်ပျိုးသင့်ပါတယ်။ လက်ရှိကျန်တဲ့ အပင်လေးတွေက ၅ ရက်သားပဲ ရှိသေးတာမို့ အမြစ်ပုပ်ရောဂါနဲ့ ခါးရိရောဂါ ဝင်လွယ်ပါတယ်။ ဒါကြောင့် ရေထုတ်မြောင်း အမြန်ဖောက်ပေးပြီး မှိုသတ်ဆေး (ဥပမာ- Carbendazim သို့မဟုတ် Foestyl Al သို့မဟုတ် Hymexazol သို့မဟုတ် Thiophanate methyl) တစ်မျိုးမျိုးအပင်ခြေဖျန်းပါ။အမြစ်ထွက်အားကောင်းစေမယ့် ရွက်ဖျန်းအားဆေး တစ်မျိုးမျိုးကိုလည်း ဖျန်းပေးပါ။
ဆက်စပ်မေးခွန်းများ
ပဲ၁၀ရက်သားပဲ ရှိသေးတယ် ဘာသုံးသင့်လည်း မနက်ပိုင်းပဲကျပြီး ညနေပိုင်းမိုးမိထားတာ အာ့တာနဲ့ ဆိုင်လားဗျ
ဖြေကြားချက် 2 ခု
သဲဆန်သောမြေကို ဘယ်လိုပြုပြင်ရမလည်း
ဖြေကြားချက် 2 ခု
ပြည် - အောင်လံ ပဲတီစိမ်းဈေးကွက်သိချင်ပါတယ်ခင်မျာ ဈေးတက်လာနိုင်ချေရောရှိနိုင်ပါသလား သိုလှောင်ထားလို့ရမရသိချင်ပါ...
ဖြေကြားချက် 1 ခု
ဒီနှစ်ပဲရာသီမှာပဲတီစိမ်းစျေးကောင်းနိုင်ပါမလားဆရာတို့ပဲတီစိမ်းကိုတော့ဝယ်လောက်ပါတယ်နော်
ဖြေကြားချက် 2 ခု
ဆရာတို့ခင်ဗျာ ဒီမြေဩဇာက မတ်ပဲ၊ပဲတီစိမ်းမှာ မြေခံထည့် လို့အဆင်ပြေနိုင်ပါ့မလား ။ပါဝင်အဟာရမှာ ဆီလီကာအများဆံုး...
ဖြေကြားချက် 3 ခု
ရေပန်းစားသော အကြောင်းအရာများ