ဖြေကြားချက် ၁ ခု
@Htay Lin Aung ခရမ်းချဉ်ပင်ရဲ့ အရိုးတံအဆစ်နေရာကို အတွင်းကနေ ဝိုင်းပတ်လှိုက်စားပြီး ထိလိုက်ရုံနဲ့ ကျိုးကျစေတာဟာ ပင်စည်ထိုးပိုး (သို့) အဆစ်ပိုး ကြောင့်ပါ။ ပိုးလောက်ကောင်က ပင်စည်ထဲ ရောက်နေပြီဖြစ်လို့ အရင်ဆုံး ကျိုးကျနေတဲ့ အကိုင်းတွေကို ဖြတ်တောက်ပြီး အခင်းပြင်ပမှာ မီးရှို့ဖျက်ဆီးပစ်ပါ။ ပြီးရင်တော့ အပင်ထဲထိ စိမ့်ဝင်နိုင်တဲ့ ပင်လုံးပြန့်ပိုးသတ်ဆေးတွေဖြစ်တဲ့ အီမာမက်တင် ဘန်ဇိုရိတ် (Emamectin Benzoate) ဒါမှမဟုတ် ကလိုရန်ထရာနီလီပရိုး (Chlorantraniliprole) ၊ဖစ်ပရိုနေး (Fipronil) ပါဝင်တဲ့ ဆေးတစ်မျိုးမျိုးကို အညွှန်းအတိုင်း ဖျန်းပေးရပါမယ်။ ဆေးဖျန်းတဲ့အခါ အရွက်တင်မကဘဲ ပင်စည်နဲ့ အဆစ်နေရာတွေကိုပါ ဆေးရည်ရွှဲစိုနေအောင် သေချာဖျန်းပေးဖို့ လိုပါတယ်ဗျ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဆရာရေ ခရမ်းချဥ် ပုံတော့မရိုပ်ခဲ့ရဘူးဗျာ အပွင့်တွေကြွေလို့ဆရာ အသီးမတင်လို့ ဆရာ လမ်ညွှန်ပေးပါဦး
ဖြေကြားချက် 5 ခု
ဘော်ဒိုဆေးရည်ကိုခရမ်းချဉ်ပင်စည်အမြစ်ခြေကိုဖျန်းလို့ရပါသလားဗျ
ဖြေကြားချက် 4 ခု
ပျိုးခင်းထဲမှာအရွက်တွေ အဲ့လို့ဖစ်နေလို အောက်ရွက်လဲဝါတယ် မနက်ဖြန်ဆိုရွေ့စိုက်တော့မှာပါ
ဖြေကြားချက် 2 ခု
ခရမ်းချဉ်သီးအပင်က စောပင်နာကျလား ဘတ်တီးရီးယားလား ရှင်းပြပေးပါအုံး
ဖြေကြားချက် 1 ခု
ဘာဆေးသုံးရမလဲဗျ လမ်းညွှန်ပေးကြပါအုံးဗျ
ဖြေကြားချက် 7 ခု
ရေပန်းစားသော အကြောင်းအရာများ