ဖြေကြားချက် ၅ ခု
@kyaw win htun ပုံပါ အမေ့ဇင်း (AMAZING) ပေါင်းသတ်ဆေးကို ပြောင်းခင်းထဲတွင် သတိထား၍ ဖျန်းလို့ရပါတယ်။ ယင်းဆေးသည် ရွက်ပြန့်ပေါင်းနှင့် မြက်မုန်ညင်းမျိုးများကိုသာ ရွေးချယ်သတ်ပေးသော ဆေး (2,4-D Dimethylamine 72%) ဖြစ်သောကြောင့် မြက်မျိုးနွယ်ဝင် ပြောင်းပင်ကို မသေစေပါဘူး။ သို့သော် ပြောင်းပင်အရွက် ၃ ရွက်မှ ၅ ရွက် ထွက်ချိန် (အပင်အမြင့် ၈ လက်မအောက်) တွင်သာ ပက်ဖျန်းသင့်ပြီး အရွက် ၆ ရွက်ထက်ကျော်လွန်ချိန်နှင့် အဖူးဝင်ချိန်များတွင် လုံးဝမဖျန်းသင့်ပါဘူး။ ထို့အပြင် ဆေးဖျန်းရာတွင် ပြောင်းပင်အလယ်အူတိုင်ထဲသို့ ဆေးရည်စုပုံမကျစေရန် ဂရုစိုက်ရမည်ဖြစ်ပြီး အပင်မြင့်ပါက အောက်ခြေပေါင်းပင်များကိုသာ နှိမ့်ဖျန်းရပါမယ်။ ဤဆေးသည် မြက်အုပ်စုဝင်ပေါင်းများကို မသေစေနိုင်သည့်အပြင် လေလွင့်ပါက အနီးရှိ ပဲခင်းနှင့် နှမ်းခင်းများ ပျက်စီးနိုင်သောကြောင့် လေငြိမ်ပြီး နေအေးချိန်တွင် ဗူးပါညွှန်ကြားချက်အတိုင်း တိကျစွာ ဖျန်းပေးရန် လိုအပ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
သကြားပြောင်းစိုက်ချင်ပါတယ်ဗျခု11..လပိုင်းထဲမှာစိုက်မှာပါသခွားစိုက်ထားတဲ့မြေကိုဘောင်တွေကိုပေါက်ဆွပီးမှစိုက်မှာ...
ဖြေကြားချက် 2 ခု
ပြောင်းပင်ဖူးတန်ထွက်ခါနီးပိုးစားလို့ဘယ်လိုပိုးသတ်ဆေးသုံးသင့်ပါသလဲ
ဖြေကြားချက် 3 ခု
ပြောင်းဖူး အတွက် သဘာဝပိုးသတ်ဆေး ပြုလုပ်နည်း ပြောပြပေးပါလား
ဖြေကြားချက် 1 ခု
အစေ့ထုတ်ပြောင်းကြားသီးနှံအနေဖြင့်မတ်ပဲစိုက်လို့ရပါသလား
ဖြေကြားချက် 1 ခု
မျိုးစေ့ထုတ်မှာ F1 လို့ရေးထားရင် မျိုးပြန်ခံပြီး စိုက်လို့ရလား
ဖြေကြားချက် 4 ခု
ရေပန်းစားသော အကြောင်းအရာများ