အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ထူးလွင်
လွန်ခဲ့သော ၂ ရက် က · သုံးခွ

ပဲတီစိမ်းစိုက်တောင်သူတစ်ယောက်ပါ.။အပင်ငယ်မှာအပေါက်ကောင်းပြီးအရွယ်ရောက်တဲ့အခါအပင်သေတွေအရမ်းများလို့နည်းလမ်းလေးများညွှန်ကြပါဦးခင်ဗျာ။

စိုက်ပျိုးနည်း ပဲတီစိမ်း

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 474,597 လွန်ခဲ့သော ၂ ရက် က
ဤအဖြေဖြင့် ပြေလည်

@ထူးလွင် ပဲတီစိမ်းအရွယ်ရောက်ချိန်တွင် အပင်သေဆုံးမှုများရခြင်းမှာ အဓိကအားဖြင့် မြေဆောင်မှိုရောဂါများ (ပင်ခြေပုပ်၊ ပင်ညှိုး)၊ မြေအောင်းပိုးမွှားများ (ခြ၊ ပင်ဖြတ်ပိုး) နှင့် စိုက်ခင်းရေဝပ်ခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။ ဖြေရှင်းရန်အတွက် ရောဂါရအပင်သေများကို အမြစ်ပါမကျန် နုတ်ယူမီးရှို့ဖျက်ဆီးပြီး ကျန်အပင်များကို ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် သိုင်အိုဖနိတ်မီသိုင်း (Thiophanate-methyl) သို့မဟုတ် Hymexazol မှိုသတ်ဆေးကို အပင်ခြေရင်းမြေကြီးထဲ စိမ့်ဝင်အောင် ဖျန်းပေးရပါမယ်။ အမြစ်တွင် ပိုးကိုက်ရာတွေ့ပါက ဖစ်ပရိုနေးလ် (Fipronil) ပိုးသတ်ဆေးအခဲကို အသုံးပြုရန်နှင့် စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေထုတ်မြောင်းများ ကောင်းမွန်အောင် ပြုပြင်ပေးရန် လိုအပ်ပါတယ်။ နောက်ရာသီများတွင် ကြိုတင်ကာကွယ်ရန်အတွက် စိုက်ပျိုးမည့်မျိုးစေ့ကို ထရိုင်ကိုဒါးမား (Trichoderma) အကျိုးပြုမှို သို့မဟုတ် မှိုသတ်ဆေး လူးနယ်စိုက်ပျိုးခြင်းနှင့် အခြားသီးနှံများဖြင့် သီးလှည့်စိုက်ပျိုးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ပိုးကြောင့်ဖြစ်ပါကပိုးဆေးအသုံးပြုရန်လ်ုအပ်ပြီး မြေဆောင်မှိုကြောင့်ဖြစ်ပါက အထက်က မှိုသတ်ဆေးများအပင်ခြေစိုရွှဲအောင်ဖျန်းပေးရမှာပါ၊ဘာကြောင့်ဖြစ်လဲစစ်ဆေးပါဗျ၊ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။