အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
zayyy zayya
zayyy zayya 105
လွန်ခဲ့သော ၁ ရက် က · ဟင်္သာတ

ပဲပုပ်ကို အဆီဖိတ်+Born+P+K တွဲဖျန်းထားတာ အပင်တေကုတ်ပြီးလဲသွားတယ် အပင်ပြန်လန်းလာအောင် အမိုင်နို့အက်စစ် ဖျန်းထားပါတယ် အရမ်းကြီးမသိသာသေးဘူးဖြစ်နေတယ် ဘာဆေးပြန်ဖျန်းရမလဲ ညွှန်ပေးပါအုံး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၅၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
စိုက်ပျိုး ဗဟုသုတ ပဲပုပ်

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 474,597 လွန်ခဲ့သော ၁ ရက် က

@zayyy zayya Acephate ပိုးသတ်ဆေး၊ Boron 15% နှင့် P 45 K 27 (MKP) မြေဩဇာတို့ကို ရောစပ်ပက်ဖျန်းလိုက်ခြင်းကြောင့် ပဲပုပ်ပင်များ ကုတ်၍ လဲကျသွားရခြင်းမှာ အဓိကအားဖြင့် ဆေးလောင်ခြင်း (Phytotoxicity) နှင့် အဆိပ်သင့်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ပထမအချက်မှာ ပဲပုပ်ကဲ့သို့ ပဲမျိုးနွယ်ဝင်အပင်များသည် ဘိုရွန် (Boron) ဓာတ်ကို အလွန်အကဲဆတ်သဖြင့် ဘိုရွန် ၁၅% ကို နှုန်းထားအနည်းငယ် ပိုသုံးမိရုံဖြင့် အရွက်နှင့် အညွန့်များ ချက်ချင်းကုတ်တွန့်သွားခြင်း ဖြစ်ပါတယ်။ ဒုတိယအချက်မှာ ပိုးသတ်ဆေးနှင့် ရွက်ဖျန်းမြေဩဇာ နှစ်မျိုးကို တစ်ပြိုင်နက် ရောစပ်လိုက်သောအခါ ဆေးဖျော်ရည်၏ ဆားပါဝင်မှုနှုန်းနှင့် ပြင်းအား (EC/Salt index) အလွန်မြင့်တက်သွားပြီး အရွက်ဆဲလ်များအတွင်းမှ ရေဓာတ်ကို အပြင်သို့ ပြန်စုပ်ထုတ်လိုက်သကဲ့သို့ ဖြစ်ကာ အပင်များ ရေဓာတ်ခမ်းခြောက် ညှိုးလဲသွားခြင်း ဖြစ်ပါတယ်။ ထို့အပြင် နေပူပြင်းချိန် သို့မဟုတ် မြေအစိုဓာတ် နည်းနေချိန်တွင် ဖျန်းမိပါက အရွက်ပေါ်ရှိ ရေငွေ့များ လျင်မြန်စွာ ပျံတက်သွားပြီး ဆေးအနှစ်များ အရွက်ပေါ်တွင် ပြင်းထန်စွာ ကျန်ရစ်ကာ အပင်လဲကျမှုကို ပိုမိုဆိုးရွားစေတာပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

zayyy zayya
zayyy zayya 105 လွန်ခဲ့သော ၁ ရက် က

Bron 15 % P 45 K 27

သော်ဇင်
သော်ဇင် 474,597 လွန်ခဲ့သော ၁ ရက် က

@zayyy zayya အဆီဖိတ် (Acephate)၊ ဘိုရွန် (Boron) နှင့် P+K တို့ကို တစ်ပြိုင်နက် ရောစပ်ဖျန်းမိသဖြင့် ဆေးပြင်းအားများပြီး အပင်လောင်သွားခြင်း (Phytotoxicity) ဖြစ်ပါတယ်။ အမိုင်နိုအက်စစ် ဖျန်းထားခြင်းမှာ မှန်ကန်သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် ချက်ချင်း မသိသာသေးခြင်း ဖြစ်ပါတယ်။ အမိုင်နိုအက်စစ် ဖျန်းပြီး ၃-၄ ရက်အကြာတွင် အညွန့်သစ်နှင့် အမြစ်သစ်များ အမြန်ထွက်စေရန် ပင်လယ်ရေမှော် အဆီအနှစ် (Seaweed Extract) ကို ရွက်ဖျန်းအဖြစ် ဖျန်းပေးပြီး၊ နောက်၅ရက်အကြာမှ မသက်သာသေးပါက ဟူးမစ်အက်စစ် (Humic Acid) ကို အပင်ခြေသို့ ဖျန်းပေးပါ။ အပင်လုံးဝ ပြန်မလန်းမချင်း အခြား ဓာတုပိုးသတ်ဆေးနှင့် ရွက်ဖျန်းမြေဩဇာများကို လုံးဝ ထပ်မဖျန်းပါနဲ့ခင်ဗျာ။ Boron အားဆေး၏ပါဝင်အချိုးနှင့် P,Kအားဆေး၏ပါဝင်အချိုးပြောထားပေးပါဦးခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။