အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နန်းထွေးမေ
လွန်ခဲ့သော ၉ နာရီ က · နမ့်ခမ်း

ဒီလိုမြေမှာ ဘာစိုက်ရင်ကောင်းမလဲ ဆရာ

မြေဆီလွှာ မုန်ညင်း
Post image
2

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 474,597 လွန်ခဲ့သော ၂၄ မိနစ် က

@နန်းထွေးမေ သီးနှံတစ်ခုခု စိုက်ပျိုးဖြစ်ခဲ့လို သိချင်တာများရှိခဲ့ပါက နောင်လည်းမေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 474,597 လွန်ခဲ့သော ၉ နာရီ က

@နန်းထွေးမေ ပုံပါမြေသည် ကျောက်ခဲအသေးအမွှားများပါဝင်သော မြေနီ/မြေစေးဆန်သည့်မြေဖြစ်ပြီး နမ့်ခမ်းဒေသ၏ အေးမြသောရာသီဥတုနှင့် ကိုက်ညီသဖြင့် အာလူး၊ ဂျင်း၊ နနွင်း၊ ပိန်းဥ၊ ကန်စွန်းဥ စသည့် ဥစားသီးနှံများ စိုက်ပျိုးရန် အလွန်သင့်တော်ပါတယ်။ ထို့အပြင် ပဲတောင့်ရှည်၊ ဗိုလ်စားပဲ၊ ငရုတ်၊ ခရမ်းချဉ်တို့အပြင် မုန်ညင်း၊ ကိုက်လန်၊ ဆလတ်နှင့် နံနံပင်တို့ကိုလည်း စိုက်ပျိုးနိုင်ပါတယ်။ မစိုက်ပျိုးမီ အပေါ်ယံကျောက်ခဲများကို ဖယ်ရှားကာ နွားချေးဆွေး သို့မဟုတ် သစ်ရွက်ဆွေးများ ထည့်သွင်းရောမွှေပြီး ရေမဝပ်စေရန် စိုက်ဘောင်မြင့်မြင့်ဖော်၍ စိုက်ပျိုးသင့်ပါတယ်။ စိုက်ပျိုးပြီးပါက အပေါ်ယံမြေသား မာကျစ်မသွားစေရန် ကောက်ရိုး သို့မဟုတ် မြက်ခြောက်များဖြင့် ဖုံးအုပ်ပေးရန် လိုအပ်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။