ဖြေကြားချက် ၁ ခု
@Ye Yint Aung ပုံအရ ကုလားပဲအပင်ပေါက်များ ဝါခြောက်သေဆုံးနေရခြင်းမှာ မြေတွင်းအောင်း မှိုရောဂါ (မြစ်ခြောက်ဆွေး ) နှင့် မြေစေးကျစ်၍ အမြစ်လေဝင်လေထွက် မကောင်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။ မှိုဆေးတစ်ကြိမ် ဖျန်းထားသော်လည်း အရွက်ပေါ်သာ ဖျန်းမိပါက မြေအောက်ရှိ အမြစ်သို့ ဆေးမရောက်သဖြင့် အပင်ဆက်သေတတ်ပါတယ်။ ထို့ကြောင့် Hymexazol သို့မဟုတ်ကာဘန်ဒါဇင် (Carbendazim) သို့မဟုတ် သိုင်အိုဖနိတ်မီသိုင်း (Thiophanate-methyl) ကဲ့သို့ ပင်လုံးပြန့် မှိုသတ်ဆေးကို အပင်ခြေရင်း မြေကြီးထဲ စိမ့်ဝင်အောင် ရွှဲရွှဲဖျန်းပေးပါ။ ထို့နောက် ၃-၅ ရက်အကြာတွင် အမြစ်အားတိုးဆေး (Humic Acid သို့မဟုတ် Seaweed) ဖျန်းပေးခြင်း၊ အပင်တန်းကြား ခပ်ဖွဖွ မြေဆွပေးခြင်းနှင့် ရောဂါရ အပင်သေများကို နုတ်ယူဖယ်ရှားခြင်းတို့ကို လုပ်ဆောင်ပေးပါက အပင်သေပျောက်မှု သိသိသာသာ လျော့နည်းသွားမည် ဖြစ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ကုလားပဲ စိုက်ဖို့နောက်ကြနေပြီလားဗျ
ဖြေကြားချက် 2 ခု
ကုလားပဲ ဘယ်ချိန်စိုက်သင့်လည်း ရှမ်းပြည်နယ်မှာ စိုက်လို့ရပါသလား
ဖြေကြားချက် 1 ခု
ကုလားပဲမျိုး 929အကြောင်းသိချင်လို့ပါ
ဖြေကြားချက် 1 ခု
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
ဖြေကြားချက် 2 ခု
ကျွန်တော်ဒေသဘက်မှာဗျ အထွက်နှုန်းကျဆင်းရေတဲ့အကြောင်းပြောပြပေးပါဗျ ရာသီဥတုကြောင့်လား မြေဆီလွှာ မြေဩဇာ နည်းလို့...
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ