ဖြေကြားချက် ၁ ခု
@Kyaw Soe Lin လက်ရှိအချိန်မှစတင်၍ စိုက်ပျိုးရေးလုပ်ငန်းကို စနစ်တကျလေ့လာပြီး လုပ်ကိုင်မည်ဆိုပါက အပြည့်အဝ အဆင်ပြေနိုင်ပါတယ်။ စတင်လေ့လာသူတစ်ဦးအနေဖြင့် မိမိစိုက်ပျိုးမည့် ဒေသ (ဖယ်ခုံမြို့နယ်) ၏ မြေအမျိုးအစား၊ ရာသီဥတုနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့် ရွေးချယ်နည်းကို ဦးစွာလေ့လာသင့်ပါတယ်။ ထို့နောက် သီးနှံအလိုက် ရေသွင်းရေထုတ်ပြုလုပ်ပုံ၊ မြေဩဇာကျွေးနည်းနှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နည်းများကို သိရှိထားရန် လိုအပ်ပါတယ်။ အထူးသဖြင့် ကြက်သွန်နီ စိုက်ပျိုးရန် ရည်ရွယ်ပါက မျိုးဥရွေးချယ်မှု၊ စိုက်ဘောင်ပြင်ဆင်မှုနှင့် ရာသီအလိုက် ဈေးကွက်အတက်အကျ ကုန်ကျစရိတ် တွက်ချက်မှုများကိုပါ ဒေသခံတောင်သူများထံမှ လက်တွေ့မေးမြန်းလေ့လာရင်း စတင်လုပ်ကိုင်သင့်ပါတယ်။ မိမိသိလိုသည့် သီးနှံအမျိုးအစားအလိုက် စိုက်ပျိုးနည်း၊ ပိူး၊ရောဂါ၊အဟာရ၊ မေးခွန်းများကို နောင်လည်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဖရဲ စိုက်နည်းလေး သိချင်ပါတယ်
ဖြေကြားချက် 1 ခု
ကြက်သွန်နီက ပုံပါအတိုင်းလိမ်နေလို့ mancozeb နဲ့ cymoxanil အရော အရင်ဖြန်းထားပါတယ်၊ ေရာဂါက တိုးလာတဲ့အတွက် 2ရက်...
ဖြေကြားချက် 6 ခု
ငါးအမိုင်နိဖောက်ထားတာ 2လလောက်ရှိပြီဗျ၊ အနံကတော့ ထန်းလျက်နံ့နဲ့ ငါးညီနဲ့လိုလိုရတယ်ဗျ၊ အပင်တွေပေါ် 300cc နှုန်း...
ဖြေကြားချက် 3 ခု
ကြက်သွန်နီ ဥပုပ်ကို ဘယ်လိုကာကွယ်နိုင်ပါသလဲ။
ဖြေကြားချက် 0 ခု
ဥစိုက်ကို အပင်သိပ်မဖြသ်လို့ပါဗျ၊ 8 ရက်နေ့ကနေ 11ရက်နေ့ထိရွာတဲ့မိုးမာ ရေဝပ်တဲ့နေရာလေးတွေက အပင်သိပ်မတက်ပဲ ပြာတာတာ...
ဖြေကြားချက် 3 ခု
ရေပန်းစားသော အကြောင်းအရာများ