အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
DangerFor U
DangerFor U 986
လွန်ခဲ့သော ၇ နှစ် က · ပုသိမ်ကြီး

ငါးမွေးကန် ၈ဧကအကျယ် ကန်တစ်ကန်အတွက် မည့်သည့်ငါးမျိုးမွေးမြူရန်သင်တော်ကြောင်း၊ မွေးမြူသည့် ငါးများ၏ကြီးထွားနှုန်းနှင့် အကျိုးမြတ်ရရှိနိုင်မှု မည့်သည့်အစာကျွေးမွေးသင့်ကြောင်း ငါးကောင်ရေနှင့် အစာပေါ်တွင်ခန့်မှန်းကုန်ကျစရိတ်လေး အလင်းပေးပါအုံးခင်ဗျာ ကျေးဇူးတင်ပါတယ်

အစာကျွေးခြင်း ငါး
Post image
Post image
5

ဖြေကြားချက် ၅ ခု

UThein Zaw
UThein Zaw 1,740 လွန်ခဲ့သော ၇ နှစ် က

နွေရာသီမှာ ရေမျက်နှာပြင် ဧက ဘယ်လောက်ကျန်ပါသလဲ မိုးတွင်းမှာ ကိုကျော်စွာ ပြောသလို မွေးတာအဆင်ပြေပေမဲ့နွေရာသီ ရောက်ရင် ရေမျက်နှာပြင် ကျန်ဧက ရယ် ရေအနက် ရယ်ကို သိမှ မွေးရတာ အဆင်ပြေမယ်လို့ထင်ပါတယ် ပုံကြည့်ရတာတော့ ရေသိပ်မကျန်တဲ့အတွက် နှစ်ရှည် (၂နှစ်) မွေးတဲ့ ငါး အဆင်မပြေနိုင်ပါ နှစ်တို (၁ နှစ် အတွင်း) ငါးသာအဆင်ပြေနိုင်ပါတယ် ဥပမာ ငါးခုံးမကြီး/ တောင်ပေါ်ငါးသလောက်

DangerFor U
DangerFor U 986 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးပါ ကိုကျော်စွာ ကျနော်သိတာလေးးတေရှရင်လည်း ပြန်လည်မျှဝေသွားပါ့မယ်

Kyaw Swar
Kyaw Swar အတည်ပြုပြီး 116,259 လွန်ခဲ့သော ၇ နှစ် က

ငါးကြင်းမှာ ရွှေဝါ (အောက်ငါး) ငါးကြင်းဖြူ ( အလယ်ငါး) မြက်စား ( အပေါ်ငါး) ၃ မျိုးပါ ရောင်းတန်း တစ်နှစ် export ၃ နှစ်ထားပါတယ် အစာစာရိတ် သီးခြားတွက်ရန် သိပ်မလိုပါဘူး ဖွဲ၊ မြက် ပဲဖတ် ၊ ဘီယာဖတ်၊ ကဇော်ဖတ် ၊ လှော်စာ စတာတွေ အလျဉ်းသင့်သလို ကျွေးပြီး မွေးမြူနိုင်ပါတယ် ၁ ဧကကို ကောင်ရေ အနည်းဆုံး ၁၂၀၀ နှုန်းခန့်ထည့်နိုင်ပါတယ် ဈေးနှုန်းကတော့ ရွှေဝါ တစ်လမ ၂၀ ခန့် မြက်စား ၁၅ ကျပ်ခန့် ငါးကြင်းဖြူကတော့ တစ်လက်မကို ၃၀ ခန့် ရှိပါတယ် နှစ်ချို့ငါးမျိုးကို ရွှေးချယ်ထည့်သင့်ပါတယ်

DangerFor U
DangerFor U 986 လွန်ခဲ့သော ၇ နှစ် က

ငါးကြင်းမျိုးနွယ်စုထဲကပါ ကိုကျော်စွာ ကန်ကျယ်တော့ ငါးကြင်းကိုမှ အမျိုးမျိုးထညိ့မလားလို့ အကောင်ပေါက်ဈေးနှုန်းဗလးတေသိချင်ပါတယ် ဒေသက ရွှေညောင်ပါ

Kyaw Swar
Kyaw Swar အတည်ပြုပြီး 116,259 လွန်ခဲ့သော ၇ နှစ် က

မိမိဒေသဈေးကွက်အရ သင့်တော်တာမွေးသင့်ပါတယ် မွေးမြူလိုသောငါးအမိျိုးအစားအရ ကျန်မေးခွန်းများကို ဆက်ဖြေနိုင်ပါမယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။