အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Hla Phay
U Hla Phay 4,212
လွန်ခဲ့သော ၈ နှစ် က

ဓာတုနဲ့ စိုက်လို့ရလာတဲ့ ငရုတ်သီး၊ ကြက်သွန်ဖြူတို့နဲ့ ဖော်စပ်ထားတဲ့ ဆေးကိုသဘာဝပိုးသတ်ဆေးလို့ခေါ်လို့ရပါသလား။

ပိုးမွှားရောဂါ စားဖိုဆောင်

ဖြေကြားချက် ၁ ခု

အမည်မသိ
အမည်မသိ 12,778 လွန်ခဲ့သော ၈ နှစ် က

ကျွန်တော့်အမြင်အနေနဲ့ကတော့ သဘာဝပိုးသတ်ဆေးလို့ ခေါ်ချင်ပါတယ်။ အသီးအရွက်တွေကနေ အခြား စက်ပစ္စည်းတွေ ဓာတ်ခွဲခန်းတွေ မသုံးဘဲနဲ့ ပြန်လုပ်ထားလို့ပါ။ ဓာတုဆေးဖြန်းထားတဲ့ ငရုတ်သီးနဲ့ လုပ်လိုက်မိရင်တော့ သြဂဲနစ် တော့ ဖြစ်မှာ မဟုတ်တော့ပါဘူး (နည်းပညာ ဆန်ဆန် စဉ်းစားကြည့်ရင် ။ နောက်တစ်ချက်က ကျန်းမာရေးအတွက်ပါ။ ဆေးဖြန်းထားတဲ့ အသီးကို ပိုးသတ်ဆေးဖျော်လိုက်မိလို့ လည်း အဲဒီဓာတ်က ဖြန်းလိုက်တဲ့ သီးနှံထိ အာနိသင် ကျန်ရင်တောင်မှ မပြောပလောက်တဲ့ အချိုးဆပဲ ကျန်ပါတော့တယ်။ ဆေးဖြန်းလား မဖြန်းလားဆိုတာ ကိုယ်တိုင်က လွဲရင် မသိနိုင်တဲ့အတွက် လောလောဆယ်လိုအပ်ချက်ဆိုရင်တော့ ဝယ်ပြုလုပ်စေချင်တယ်။ နောက် ကိုယ်ခြံက ထွက်လာတော့မှဘဲ စိတ်ချလက်ချ သုံးပေါ့။ ဒါမှ မဟုတ်ရင် အခြား နည်းလမ်းတွေ ရှိပါသေးတယ်။ သီးညှပ်စိုက်တာတို့၊ ပိုးတွေကို မျက်စေ့လှည့်ပြီး ကိုယ်မလိုချင်တဲ့ အပင်ကို သွားခိုင်းစေတာတို့။ သိန်းစိုးမင်း Co-founder Green Way

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။