အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြင့်မိုရ်ဦး
လွန်ခဲ့သော ၇ နှစ် က · မိုးကောင်း

သြဂဲနစ်စိုက်ပျိုးရေးမှာလိုက်နာရမည့်ကဏ္ဍ၆ခုဆိုတာဘာဘယ်လိုမျိုးလဲဆိုတာသိချင်ပါတယ်ခဗျ

စိုက်ပျိုး ဗဟုသုတ သခွား
Post image
6

ဖြေကြားချက် ၆ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,026 လွန်ခဲ့သော ၇ နှစ် က

1. A culture of innovation (စိုက်ပျိုးမွေးမြူရေး နည်းလမ်းများကို အကောင်းဆုံးအလေ့အကျင့်များဖြင့် ဆန်းသစ်တီထွင် လုပ်ဆောင်ခြင်း။ 2. Continuous improvement towards best practices ( နယ်မြေဒေသအလိုက် ကိုက်ညီသော အကောင်းဆုံးနည်းလမ်းများဖြင့် စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်ခြင်း) 3. Diverse ways to ensure transparent integrity (ကွဲပြားသော နည်းလမ်းများဖြင့် စိုက်ပျိုးထုတ်လုပ်မှုများကို ပွင့်လင်းမြင်သာစွာ ဂုဏ်သိက္ခာရှိရှိ သေချာစွာ ထုတ်လုပ်နိုင်မှု) 4. Inclusive of wider sustainability interest (ရေရှည်တည်တံ့သော လုပ်ငန်းများအတွက် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းလုပ်ဆောင်ခြင်း) 5. Holistic empowerment from farm to final consumers(ထုတ်လုပ်မှု ဖြစ်စဉ်တလျှောက်လုံး ထုတ်လုပ်သူမှ စားသုံးသူများအထိ အလုံးစုံ အားပေးကူညီလုပ်ဆောင်ခြင်း) 6. True value and fair pricing (မှန်ကန်သော ထုတ်ကုန်တန်ဖိုးနှင့် မျှတသော စျေးနှုန်းသတ်မှတ်ခြင်း) ဆရာအောင်မျိုးမွန် (မေတ္တာ ဖွံ့ဖြိုးရေးအဖွဲ့)

သိမ့်ဇာ
သိမ့်ဇာ 79,225 လွန်ခဲ့သော ၇ နှစ် က

ဩဂဲနစ်စိုက်ပျိုးရေးမှာ စိုကိပျိုးတဲ့မြေနေရာရဲ့ပုံစံတွေကအစ ဂရုစိုက်ရမှာပါအစ်ကို နွားချီးထည့်မယ်ဆိုရင်တောင် အဲဒီ့နွားကိုကျွေးတဲ့အစာက ဩဂဲနစ်ဖြစ်ရပါမယ် ရေထဲမှာလည်း ဓာတု ဓာတ်ကြွင်းတွေပါမနေရပါဘူး ဘေးအခင်းက ဓာတုသုံးနေမယ်ဆို မြောင်းတွေ ကန်သင်းတွေနဲ့ ခြားထားရမှာပါ ဩဂနစ်စိုက်ပြီဆိုရင် ကိုယ့်စိုက်ခင်းမြေရဲ့ ၅ %မှာ သဘာဝပေါက်ပင်တွေရှိနေရမှာပါ မြက်တွေအပြောင်ရှင်ထားလို့မရပါဘူး အစရှိသည်ဖြင့် ရှိပါတယ် အစ်ကို အသေးစိတ် အကြောင်းအရာများကိုတော့ ဆောင်းပါးဖြင့်ရေးသားဖော်ပြပေးပါ့မယ်ရှင့် ဩဂနစ်က ဇွဲရှိရင်ရမှာပါအစ်ကို အောင်မြင်ပါစေရှင့်

မြင့်မိုရ်ဦး
မြင့်မိုရ်ဦး 2,380 လွန်ခဲ့သော ၇ နှစ် က

မြေခံသဘာဝမြေဆွေး Nတိရစ္ဆာန်စွန်ပြစ်ရေ ငါးအမိုင်နို အရွက်ချဉ်ဖေါက်ရည် Pဇီဝအရိုးရည် မှိုကာကွယ်ဆေး တပိုင်တနိုင်တီစွန်ပြစ်ရည်သဘာဝဆိုတာလုပ်ရင်ဖြစ်ပါတယ် ဒါတွေတစ်ချို့လည်းGreen wayကရခဲ့တာပါ ဘာဖြစ်လို့ဝေးသေးတယ်လို့ပြောရတာလဲအားမရှိလိုက်တာ

မြင့်မိုရ်ဦး
မြင့်မိုရ်ဦး 2,380 လွန်ခဲ့သော ၇ နှစ် က

ထောက်ပံကြေးရလိုတောင်လုပ်နေပါပြီဘာတွေဟာအဓိကလည်းဆိုတာပါပဲ

ကိုအံ့ထက်ကျော်
ကိုအံ့ထက်ကျော် အတည်ပြုပြီး 185,097 လွန်ခဲ့သော ၇ နှစ် က

GAP ဘဲ အရင်လုပ်ပါ Bro organic က နဲနဲ လှမ်းသေးတယ်

မြင့်မိုရ်ဦး
မြင့်မိုရ်ဦး 2,380 လွန်ခဲ့သော ၇ နှစ် က

အဖြေစောင့်နေတာ ပေါ်ကိုမလာဘူး

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။