အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၄ ခု

Nyan Thant Zin
Nyan Thant Zin 406 လွန်ခဲ့သော ၇ နှစ် က

ပိုးသတ်ဆေးဖျန်းပါ?

ကိုအံ့ထက်ကျော်
ကိုအံ့ထက်ကျော် အတည်ပြုပြီး 185,097 လွန်ခဲ့သော ၇ နှစ် က

အကို့ပုံက လှေး ကျနေတာပါ စုပ်စားပိုး နိုင်တဲ့ ပင်လုံးပြန့် ပိုးသတ်ဆေး တစ်ခုခု ဖြန်းပါ

သိမ့်ဇာ
သိမ့်ဇာ 79,225 လွန်ခဲ့သော ၇ နှစ် က

အရွက်အောက်ဘက်မှာ အဖြူရောင်လေးတွေကပ်နေရင်တော့ အထက်ကဖော်ပြတဲ့နည်းလမ်း အသုံးနိုင်ပါတယ် အောက်မျက်နှာပြင်မှာ အဖြူရောင်မှိုတွေကပ်နေတာမရှိရင်တော့ ပျတွေသယ်ဆောင်လာတဲ့ ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပါတယ် မြေဩဇာ ချို့တဲ့မှုကြောင့်လဲဖြစ်နိုင်တာမို့ ဘာမြေဩဇာတွေကျွေးထားသေးလဲရှင့်

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၇ နှစ် က

မှိုရောဂါကျရောက်နေတာလို့ထင်မိပါတယ်။မှိုရောဂါကျရောက်နေတာဆိုရင် ပိုးသတ်ဆေးအနေနဲ့ Mancozeb75%WP(မန်ကိုဇက်) နှင့်Azoxystrobin23%(အေဇိုဇိုင်စထိုဘင်)သုံးလို့ရပါတယ်ရှင့်။ သီးလှည့့်စိုက်ပျိုးခြင်းလည်းပြုလုပ်ပေးနိုင်ပါတယ်။ ငရုတ်ကအလင်းရောင်နည်းပြီးစိုထိန်းစများတဲ့နေရာမှာစိုက်ပျိုးရင်မှိုရောဂါကျရောက်မှုနှုန်းမြင့်တဲ့အတွက်စိုက်ပျိုးတဲ့ချိန်မှာအဲ့အချက်တေကိုရှောင်ရှားစိုက်ပျိုးရင်ရောဂါကျရောက်မှုနည်းနိုင်ပါတယ်။ ရေသွင်းရေထုတ်ကောင်းသောမြေ လေဝင်လေထွက်ကောင်းသောနေရာတေမှာစိုက်ပျိုးနိုင်ရင်အကောင်းဆုံးပါပဲရှင့်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။