အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
tunmoe
tunmoe 354
လွန်ခဲ့သော ၇ နှစ် က · ကြာအင်းဆိပ်ကြီး

ရော်ဘာပင်ကို ဘယ်လလောက်စိုက်ပျိုးရန်အတင့်တော်ဆုံးလဲ

စိုက်ပျိုးနည်း ရော်ဘာ

ဖြေကြားချက် ၅ ခု

UKyaw Din
UKyaw Din 4,486 လွန်ခဲ့သော ၇ နှစ် က

နောက်အကျဆုံးက ဇူလိုင်ဆယ့်ငါးရက်ပါပဲ။ ရေဝပ်တာကြာရင်တော့(ရေကြီးချိန်ကြာရင်) စိုက်လို့မရနိုင်ပါဘူး။ လေးငါးရက် တပတ်လောက်တော့ ရေဝပ်တာခံနိုင်ပါတယ်။ ဇွန်လဆန်းပဲ စိုက်လိုက်ပါ။ စိုက်ပြီး ရေခဏဝပ်တာတော့ ဘာမှမဖြစ်ပါဘူး။ ရေကျပြီးစိုက်လည်း နောင်နှစ်ရေကြီးရင် မြုပ်ဦးမှာပဲ။

tunmoe
tunmoe 354 လွန်ခဲ့သော ၇ နှစ် က

ဟုတ်ကဲ့ ဆရာ ဖြေကြာပေတဲ့အတွက်ကျေးဇူးတင်ပါတယ်

tunmoe
tunmoe 354 လွန်ခဲ့သော ၇ နှစ် က

ဆရာ တကယ်နောက်ကြစိုက်မယ်ဆို ဘယ်လလောက်နောက်အကြဆုံးလဲ ကျွန်တော်နေရာက ရေကြီးရင်ရေနဲနဲဝင်တယ် အကြံဉာဏ်ပေပါ ဆရာ အခုနှစ်မှစစိုက်တာ

Thein Soe Min
Thein Soe Min အတည်ပြုပြီး 328,161 လွန်ခဲ့သော ၇ နှစ် က
UKyaw Din
UKyaw Din 4,486 လွန်ခဲ့သော ၇ နှစ် က

ဇွန်လဆန်းပိုင်း စိုက်ကျင်းများ ရေဝသည်နှင့် စတင်စိုက်ပါ။ဇွန်လ အတွင်း ပြီးအောင်စိုက်ပျိုးရပါမည်။ ဧကနည်းလျှင် ဇွန်လ ဆယ့်ငါးရက်အတွင်း အပြီးစိုက်နိုင်လျှင် အကောင်းဆုံးပါ။အမြစ်ဆင်းရန် အချိန်ပိုရ၍ နွေရာသီ အပင်သေဆုံးမှု သက်သာစေပါသည်။ စိုက်ချိန် နောက်ကျလျှင် နွေရာသီ အပင်သေဆုံးမှု များပါမည်။

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။