အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုမင်းဇော်
လွန်ခဲ့သော ၇ နှစ် က · ပင်းတယ

international. organic. certificate နှင့်ကိုက်ညီသော အော်ဂဲနစ်သွင်းအားစု မြေသြဇာများ အရွက်ဖြန်းဆေးများအကြောင်းပြည့်ပြည့်စုံစုံ သိချင်ပါတယ် သက်ဆိုင်ရာပညာရှင်များမှ ပြည့်ပြည့်စုံစုံ ပြန်လည်ဖြေကြားပေးပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါတယ်

မြေဆီလွှာ လက်ဖက်
Post image
3

ဖြေကြားချက် ၃ ခု

myatmyatwin
myatmyatwin 22,043 လွန်ခဲ့သော ၇ နှစ် က

ဟုတ်ကဲ့ပါ လက်ရှိ အသုံးပြုနေသော International Organic Certificate ရထားသော ရှမ်းမောမြေကထုတ်တဲ့ 50 kg Bio-fertilizer , Bio-Suprine ကထုတ်ထားသော 50 kg Bio-fertilizer တို့ကို recommendation ပေးချင်ပါတယ် ကျိန်တလီ မြို့နယ်ခွမှာ ၂၀၁၅ ခုနှစ် မိုးစပါးမာ အသုံးပြုဘို့ အိတ်ရေတွက်ပေါင်း ၃၀၀ ဝန်းကျင်ဂမိုးစပါးတောင်သူ များ ကိုပံ့ပိုးပေးပြီး ရလာတဲ့ အဖြေ ကို ကွင်းပြပွဲ ပြသနိုင်တဲ့ထိ ထွက်တိုးပါတယ် Organic fertilizer လဲဖြစ် အထွက်သိသိသာသာ တိုးတာ ထောက်ခံပေးချင်ပါတယ် နောက်တော့ ပိုကာ Gypsum ကျောက်မှုန့် မြေပဲမာ ပံ့ပိုး အသုံးပြုပီး မြေပဲ အထွက်နှုန်းရော ဆီအထွက်နှုန်းပါတိုးပါတယ် နောက်ထပ် အော်ဂဲနစ် မြေဩဇာကတော့ စွမ်းရည် အဖွဲ့ကထုတ်တဲ့ Vermi- compost fertilizer 25 kg Vermi- liquid 1 liter packing နဲ့ ရေဆင်းထုတ် Rhizobium pulses nodules package and EM liquid, Fish Amino liquid, Tricoderma package, Fish Amino Acid liquid များ Market မာ အလွယ်တကူ ရရှိနေပါပြီ အသေးစိတ် သိလိုရင် မြေပဒေသာ ကျွန်း Saturday and Sunday Organic Market မာလေ့လာ ဝယ်ယူနိုင်ပါတယ် ရှမ်းမောမြေ CO:Ltd က ဗိုဘ်အောင်ကျော်လမ်းမာပါ Vermi- compost and Vermi- liquid ကစွမ်းရည် တက်ကသိုလ်ရိပ်သာ လမ်းနဲ့ ဆရာစံ လမ်းဆုံ ပေါ်က တိုက်၁၃၈ ဘီဝမ်းမာပါ အပြည့်စုံသိချင်ရင်တော့ မြေပဒေသာ အော် ဂဲနစ် Market မာလေ့လာရင်း နှစ်သက်ရာ ရွေးချယ် အသုံးပြုနိုင်ပါတယ် အများအားဖြင့်တော့ ကျမ အတွေ့အကြုံနဲ့ ပြောပြတာ ဖြစ်ပြီး တိကျစွာ လိုက်နာ စိုက်ပျိုးမယ်ဆိုရင် သီးနှံလဲထွက်တိုး မြန်မာ့ အော်ဂဲနစ် စနစ်ကိုလဲ ရောက် ထွက်လာတဲ့ သီးနှံထွက်ကုန်ကလဲ စျေးကောင်း စျေးမြင့်မာရှိနေ ပါတယ် လို့ ဖိတ်ခေါ် အကြံပြုပါတယ်............

အောင်မြင့်မြတ်(GW)
အောင်မြင့်မြတ်(GW) 8,009 လွန်ခဲ့သော ၇ နှစ် က

ပြည်တွင်းမှာလဲ အော်ဂဲနစ်မြေဩဇာ ရွက်ဖျန်းအားဆေးတွေလဲတော်တော်များများရှိပါတယ် ကျွန်တော်သိသလောက်ကတော့ စူပရင်းဘိုင်အိုတက်တို့ ပျားနဂါးအော်ဂဲနစ်မြေဩဇာတို့ တခြားbrand တွေလဲအများကြီးရှိပါသေးတယ်

ကျော်လင်းထက်
ကျော်လင်းထက် 233 လွန်ခဲ့သော ၇ နှစ် က

ဘာလို့မဖြေပေးကြတာလဲခဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။