အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အမည်မသိ
လွန်ခဲ့သော ၇ နှစ် က

နှင်းဆီအခုမှစစိုက်မှာဘာဆေးတွေသုံးရင်ကောင်းမလဲပြောပြပေးပါဦဗျ

အပင်အာဟာရ နှင်းဆီ
Post image
11

ဖြေကြားချက် ၁၁ ခု

Myint Thu
Myint Thu 1,916 လွန်ခဲ့သော ၇ နှစ် က

ကြိုင်းကိုက်တယ်ထင်တယ်ညဓာတ်မီးနဲ့လိုက်ကောက်ပါ

အမည်မသိ
အမည်မသိ 870 လွန်ခဲ့သော ၇ နှစ် က

ဒီလိုတွေဖြစ်နေလို့ဘာဆေးသံ့ုးရင်ကောင်းမလဲဗျ

Win Zaw Thein
Win Zaw Thein 3,890 လွန်ခဲ့သော ၇ နှစ် က

ကြက်ချေးကိုတော့ ကျင်းထဲမှာ ခံရင် မများစေလို့ပါ များသွားရင် အမြစ်သစ်စတင် ဖွဲ့စီးရာ မှာ လောင်ကျမ်းသွားနိုင်ပါတယ် ကြက်ချေးက အပူများလွန်းပါတယ်

အမည်မသိ
အမည်မသိ 870 လွန်ခဲ့သော ၇ နှစ် က

ကြက်ချီးဖွဲ့တော့အောက်ကခံထည့်ပေးထားတယ်ရလားဗျ

myatmyatwin
myatmyatwin 22,043 လွန်ခဲ့သော ၇ နှစ် က

ဟုတ်ကဲ့ အရောင်ရွေးလို့ ရပါတယ် မနက်ဖြန် ပိုပြီး စုံစုံလင်လင် ပြောပေးပါ့မယ်နော်

aung myo win
aung myo win 116 လွန်ခဲ့သော ၇ နှစ် က

အရောင်ရွေးလိုရလား

myatmyatwin
myatmyatwin 22,043 လွန်ခဲ့သော ၇ နှစ် က

Rose seedling အဆင်သင့်ရှိပြီဆိုရင် မြေကျင်းကို တတောင့်ထွာ ခန့်တူး ပါ မြေကျင်းထဲမာ စက်ဖွဲပြာ မီးဖိုပြာ / ပိုတက်မြေဩဇာ အပွင့်အသီးအတွက် တီစူပါ မြေဩဇာ တို့ကို တမျိုးကို နို့ဆီ ဗူး ၄ ပုံတပုံ ရောစပ်ပြီး မြေနှပ်ထားပါ ပြီးရင်တော့မျိုးကိုင်း စိုက်နိုင်ပါပြီ အပင် အတက်မြန်စေရန်မြေ ဖို့ရာမှာ သဲမြေ ကိုလဲ ထည့်သွင်းပေးပါ အဖူးအပွင့် များများ ချင်ရင်တော့ နှမ်းဖတ်/ ပဲဖတ် ပုတ်စိမ်ရည် ငါး စိမ်ရည် Fish amino acid များကို အပင်ကြီးလာရင် အသုံးပြုမယ်ဆိုရင် အပွင့်အဖူး များများ ရမှာ ဖြစ်ပါတယ်

အမည်မသိ
အမည်မသိ 870 လွန်ခဲ့သော ၇ နှစ် က

မန်းလေးကပါ

အမည်မသိ
အမည်မသိ 870 လွန်ခဲ့သော ၇ နှစ် က

တစ်ပင်ကို၂၀၀ရာပါဗျ

STHA
STHA 580 လွန်ခဲ့သော ၇ နှစ် က

အကို တစ်ပင်ကို ဘယ်လောက်နှုန်းဝယ်ရသလဲဗျ

yan myo
yan myo 2,092 လွန်ခဲ့သော ၇ နှစ် က

နယ်မှာ စိုက်ရင် အဆင်ပြေလား အကို

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။