ဖြေကြားချက် ၁ ခု
မတ်ပဲ အပင်ဝါနေတာက ယင်ဖြူ ပိုး ကျပြီး နောက်ဆက်တွဲ ဖြစ်လာတဲ့ ဗိုင်းရပ်စ် ရောဂါပါ ဝါနေတဲ့အရွက်တွေကို မနက်ခင်းစောစော လှုပ်ကြည့်ပါ သေးငယ်တဲ့ အကောင်လေးတွေ ပျံသွားတာ တွေ့ပါတယ် ဗိုင်းရပ်စ် ကို နှိမ်နင်းဖို့ ရောဂါဖြစ်စေတဲ ယင်ဖြူကို နှိမ်နင်းရမှာပါ နေညိုချိန် ညနေခင်း ပင်လုံးပြန့်ပိုးသတ်ဆေးဖြန်းပါ မိုးအုံ့ မိုးရွာမယ့်အခြေအနေရှိရင် ကပ်ဆေးထည့်ဖြန်းပါ အဟာရချို့တဲ့တာနဲ့ သေချာကွဲပြားအောင် အပင်ကို စစ်ပါ ပင်စည်မှာ ဒဏ်ရာမရှိဘဲ အရွက်ဝါကို မနက်ခင်းထိကြည့်ပါ ပျံသွားတဲ့အကောင်တွေ ရှိမှ ဆေးဖြန်းပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပဲဒီစိမ်းရွေဝါတစ်တင်းကိုပိဿာဘယ်လောက်ရှိပါသလဲ အောက်ခြေမှာရောင်းရတာ ၂၀ ပိဿာဖြစ်နေလို့ပါ ဖြေကြားပေးပါခင်ဗျာ ကျေး...
ဖြေကြားချက် 1 ခု
မတ်ပဲတွေသီးလုံးဖောက်ပိုးတွေကျနေတယ်ဘာဆေးဖျန်းရမလဲညွန်ပြပေးပါအုံးဆရာတို့
ဖြေကြားချက် 1 ခု
မတ်ပဲအပွင့်မှာပိုးတွေကျနေတယ်ဘာဆေးသုံးရမလဲ
ဖြေကြားချက် 1 ခု
ကုလားပဲ v2 အပေါ်ပိုင်း စိမ်းနေပေ မယ့် အောက်ရွက်တွေ ဝါနေလို့ ဘာဆေးဖြန်းရမလဲ
ဖြေကြားချက် 1 ခု
ကျွန်တော့်မတ်ပဲတွေအဲသည်လိုဖြစ်နေပါတယ် ကာကွယ်ကုသနည်းဖြေကြားပေးစေလိုပါတယ်
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ