အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Yin Mon Naing Lin
လွန်ခဲ့သော ၇ နှစ် က · ခရမ်း

ခရမ်း ချဉ် အရိုးအတွင်းကမဲပီး အရွက်တေ ဝါ ကုန်ပီးသေကုန်တယ်ဘယ်လိုလုပ်ကမလဲ

စိုက်ပျိုး ရေ ခရမ်းချဉ်
4

ဖြေကြားချက် ၄ ခု

ကျော်စိုးအောင်
ကျော်စိုးအောင် 3,082 လွန်ခဲ့သော ၇ နှစ် က

ဖျက်ပြစ်တာအကောင်းဆုံးပါ

ဇင်ထူးနိုင်
ဇင်ထူးနိုင် 80,504 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးပါ ခင်ဗျ

Yin Mon Naing Lin
Yin Mon Naing Lin 812 လွန်ခဲ့သော ၇ နှစ် က

အခုပြန်ဖြေထားတာနဲ့ အပင် ဖြစ်တာနဲ့တပုံစံတည်းပါ

ဇင်ထူးနိုင်
ဇင်ထူးနိုင် 80,504 လွန်ခဲ့သော ၇ နှစ် က

မင်္ဂလာပါ ခင်ဗျ မေးထားတဲ့ လက္ခဏာ အရ ရောဂါ ကြောင့်ဖြစ်တယ်လို့ ထင်ပါတယ်။ ခရမ်းချဉ် အပင်မှာ လောင်မဲရောဂါ၊ ဘက်တီးရီးယား ပင်ညှိုးရောဂါ၊ ခါးရိရောဂါ၊ ဖြူစေရီယမ် ပင်ညှိုးရောဂါ နဲ့ ယင်ဖြူ၊ ပျ၊ လှေး၊ ဖြုတ်ပိုး၊ မွှား ပင့်ကူများမှတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ် ရောဂါတွေ ကျရောက်တတ်ပါတယ်။ အစ်မမေးထားတဲ့ အခြေအနေအရ ဖြူစေရီယမ် ရောဂါကျတယ်လို့ ယူဆလို့ရပါတယ်။ ဒီရောဂါကျရင် အပင်ပုလာမယ်၊ အရွက်တွေ ကုပ်မယ်၊ ပင်စည်အတွင်းဘက် ညိုမည်းလာမယ်၊ ပင်ခြေတုတ်မယ်၊ နောက်ဆုံး အပင်ညှိုးသေသွားပါမယ်။ ပန်းပွင့်ချိန်နဲ့ အပင်ကြီးထွားချိန်မှာ ရောဂါဖြစ်တာ ထင်ရှားပါတယ်။ ပထမ အရွက်များ ဝါခြင်း၊ အပင်၏ တစ်နေရာသာ ဝါခြင်း၊ နောက်ပိုင်း တစ်ပင်လုံး ဝါခြင်း၊ သေခြင်း များဖြစ်လာပါမယ်။ ဒီရောဂါကျမယ်ဆိုရင်တော့ မှိုသတ်ဆေး တစ်မျိုးမျိုး ပက်ဖျန်းခြင်း၊ ရောဂါရ အပင်များ မီးရှိုပြစ်ခြင်း၊ သီးလှည့်စိုက်ပျိုးခြင်း၊ ရေမဝပ်အောင် ဆောင်ရွက်ခြင်းတို့ ပြုလုပ်ပြီး ဆောင်ရွက်နိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။