ဖြေကြားချက် ၃ ခု
ကျနော်လုပ်တဲ့နည်းပါ ၁ ပင်နှုန်း အရိုးမှုန့် - 250g Micro Humus Biofungicide ကျနော်က TriGold တံဆိပ်သုံးပါတယ်- 250g Gypsum 70% ကျနော် နေရွက်လှေ တံဆိပ်သုံးပါတယ်- 100g နွားချေး ၃ ဆထည့်ရောမွှေ အပင်မှ ၁ပေအကွာပတ်လည် ၈လက်မအနက် အပေါက်၃ပေါက်ဖောက်ထည့် - တြိဂံပုံ ............ ငါးအမိုင်နို ထမင်းစားဇွန်း ၁၂ ဇွန်း + ၀ါးပေါင်းခံရေ Bamboo Vinegar ၁၂ဇွန်း + ရေ ၄ ဂါလံ ရော ၁ ပတ်ခြား ၂ခါဖျန်း
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပိုးပေါင်းစုံနှိမ်နင်းနိုင်တဲ့ သဘာဝသြဂဲနစ်ဖျန်းဆေးဖော်စပ်နည်းလေးရှိရင်အထူးသိချင်ပါတယ်။ဆိုလိုတာက ပျပိုးအုပ်စု၊...
ဖြေကြားချက် 5 ခု
နှစ်ရှည်ပင် ပိုးသက်ဆေးဘယ်ဟာကောင်းလဲဗျ ကိုယ်တိုင်ကောလုပ်လို့ရလား
ဖြေကြားချက် 3 ခု
EM1တစ်လီတာကိုဘယ်လောက်ဈေးရှိလဲခင်ဗျ
ဖြေကြားချက် 4 ခု
ဘာတွေလိုအပ်နေလဲဗျ ၅.လသားအရွှယ်ပါ ဒီလိုတွေဖြစ်နေလို့ ပြသနာရှိနိုင်လား သိချင်ပါတယ်
ဖြေကြားချက် 1 ခု
အပူပိုင်းဒေသတွင်စိုက်ပျိုးနိုင်သော ထောပတ်မျိုးနှင့်ပျားလိမ္မော်မျိုးများဆိုပြီး ဗီယက်နမ်ထောပတ်၊ ဗီယက်နမ်ပျား...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ