အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုင်းမိန်း
လွန်ခဲ့သော ၇ နှစ် က · နမ့်စန်

အစေ့ထုတ်ပြောင်း ၈၀၈က သက်တမ်း ၁လနဲ့ ၁ဝ ရက်ရှိပါပြီ အပင်ထွက်မညီဘူးဖြစ်နေတယ် အပင်သေးလေးတွေကို မြေသြဇာ ပုလဲ ကျွေးလို့ ရမရနဲ့ မိုရယ်မုန်း အားဆေး ဖျန်းရမရ ဖြေကြားပေးပါ မိုးကလည်း မမှန်တော့ အောက်ခံ မြေအစိုဓာတ်ကလည်း နည်းနေပါတယ် နမ်စန် ရှမ်းတောင်ကပါ ရေငတ်ဒဏ်ခံနေရတော့ အရွက်တွေက ချွန်ပြီး လိပ်လာတယ် အရွက်အနားတွေအရောင်က အညိုရောင် သမ်းနေပါတယ် အပင်က ကြီးတဲ့အပင်က ခါးလောက်ရှိနေပြီး သေးတဲ့အပင်ကျတော့လည်း ၁ပေလောက်ပဲရှိတယ် ဖြေပေးပါ

ဖြေကြားချက် ၁ ခု

ko khun
ko khun 2,787 လွန်ခဲ့သော ၇ နှစ် က

မကျွေးတာကောင်းမယ်ထင်တယ်။ ရေသွင်းလို့လဲမရရင် မိုးကိုသာစောင့်သင့်တယ်။ နို့မို့ဆို ငွေသာကုန်သွားမှာ။ ကုန်းမြင့်အကွက်ဆို ပိုဆိုးပါတယ်။ ပုတဲ့အပင်က ထွက်လာတဲ့အဖူးလဲ သေးပြီး အစေ့နည်းမှာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မြေစေး မြေများကို ပြောင်းစိုက်ပျိုးမယ်ဆိုရင် ဘယ်လို မြေဆီမျိုး ထည့်သင့်ပါသလဲ ထည်ချေးအနစ်က ဘယ်ျလာက်လိုအပ်ပါသလဲ...

ဖြေကြားချက် 2 ခု

ပြောင်းပင်က ၂လသားပြည့်တော့မယ် အပင်မညီလို့ပါ ဘယ်လိုလုပ်ရမလဲ ပြောပေးပါ ဒီနှစ်မှ စစိုက်ကြည့်တာပါ အဆင်မပြေဘူးဖြစ်...

ဖြေကြားချက် 6 ခု

စပါးအပြီပြောင်းစိုက်ချင်လို မျိုးစေ့ ထယ်ရေး မြေသြဇာ ရေပေးနည်း သိချင်ပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါ။

ဖြေကြားချက် 4 ခု

cpပြောင်း စိုက်ချင်ပါသဖြင့် ၁ဧက မြေသြဇာအချိုးအစား ထည့်ပုံနဲ့ အကြိမ်ဘလောက်ထည့်ရမည်သိချင်ပါတယ် မြေသြဇာ အမျိုးစား...

ဖြေကြားချက် 4 ခု

မင်္ဂလာပါ ဗျ ပြောင်းအတွက် ဘယ်လိုဓာတ်မြေသြဇာသုံးရမလဲဗျ

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။