ဖြေကြားချက် ၈ ခု
စိုက်ပျိုးခြင်းတိုက်ရိုက် အစေ့ချ စနစ်ကိုသာ စိုက်ကြသည်။ မျိုးစေ့ကို အညှောင့်ဖောက်၍ စိုက်ဘောင်ပေါ်တွင် တစ်ပေကြား လက်မဝက်ခန့်မြုပ်၍စိုက်ပါ။ စိုက်ဘောင်ကို နှစ်ပေအကျယ်၊ တစ်ပေအမြင့်ဆွဲ၍တစ်ဘောင်နှင့် တစ်ဘောင် ငါးပေခြားဆွဲပါ။တစ်ဧကလျှင် အပင် ၈,၀၀၀ ခန့်ရအောင်စိုက်ပျိုးပါ။ စင်ပေါ်သို့မရောက်မီ ကြားဝါး တန်းများကို တစ်ပေခြား ကန့်လန့်ဖြတ်ချည်ပေးရပါမည်။မြေသြဇာထည့်သွင်းခြင်းခဝဲ တစ်ဧကလျှင် နွားချေး ဆွေးလှည်း ၁၀ စီးမှ အစီး ၂၀၊ ပုလဲ(၁-၂)အိတ်၊ တီစူပါ(၂-၄)အိတ်၊ ပိုတက်ရှ် မြေသြဇာ ၁၂ အိတ်ထည့်ပေးသင့်ပြီး သဘာဝမြေဆွေး၊ ကြက်ချေး၊ နွားချေး၊ တီစူပါဓာတ်မြေသြဇာကိုရော၍ စိုက်ဘောင်အတွင်း သမအောင်မွှေ၍ ထည့်ပေးရမည်။ အသီးစတင်သီးချိန်တွင်ပုလဲ၊ ပိုတက်ရှ်နှင့် နွားချေးဆွေးတို့ကိုရော၍ ဘောင်အောက်ခြေမှဘောင်ထပ်ပြီး အစာထပ်မံကျွေးရပါမည်။
(၁) ဗူး… ကဆုန် မှ…နယုန်လအတွင်း။(၂) သခွား… တန်ခူး မှ…နယုန်လအတွင်း။(၃) ပဲတောင့်ရှည်… တန်ခူး မှ…ဝါခေါင်လအတွင်း။(၄) ခဝဲ… တန်ခူူး မှ…နယုန်လအတွင်း။(၅) ငြု တ်… ကဆုန်မှ…သီတင်းကျွတ်အတွင်း။(၆) ခရမ်းချဉ်သီး တော်သလင်းမှ…တန်ဆောင်မုန်းအတွင်း။(၇) ချဉ်ပေါင် တန်ခူးမှ…ဝါဆိုလအတွင်း။(၈) ရုံးပတီ ကဆုန်မှ…နယုန်လအတွင်း။(၉) ကော်ဖီထုပ် တော်သလင်းမှ…တန်ဆောင်မုန်းအတွင်း။(၁၀) ဆလပ် တော်သလင်းမှ…တပို့တွဲလအတွင်း။(၁၁) ခရမ်းသီး ကဆုန်မှ…နယုန်လအတွင်း။(၁၂) မုံလာဥဖြူ တော်သလင်းမှ…နတ်တော်လအတွင်း။Credit: ဦးစစ
ဆက်စပ်မေးခွန်းများ
ကြက်ဟင်းခါး အပင် အညွန့်တေကျစ်နေလို့ ဘာဆေးပတ်ရမလဲခင်ဗျာ
ဖြေကြားချက် 1 ခု
ဆားခါးဖျန်းရလား ကြက်ဟင်းခါးသီး ဆိုးကျိူးဘာတွေရမလဲ
ဖြေကြားချက် 3 ခု
ဒီလိုဝါနေတာဘာလုပ်ရမလဲ
ဖြေကြားချက် 1 ခု
ဆူးပုတ်ပင် ပျိုးနည်းလေးပြောပြပေးအုံးဗျ ဘယ်လိုပျိုးရလဲဆိုတာ
ဖြေကြားချက် 8 ခု
ဟင်းခပေါင်းပင် အသီးတင်ရန် နည်းများ
ဖြေကြားချက် 2 ခု