ဖြေကြားချက် ၁ ခု
သစ်ခွပင် Tissue Culture မျိုးပွားနည်းနဲ့ မျိုးပွားတာကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပြင်ဦးလွင် ဒိုးကွင် နဲ့ ရန်ကုန် Bio tech တို့မှာ ပြုလုပ်ပါတယ် ။ စက်ကိရိယာ ဓါတ်ခွဲခန်းတည်ဆောက်မှု အဟာရပြင်ပြုလုပ်မှုကအစ လိုအပ်ချက်နည်းပညာတွေ အများကြီးလိုအပ်သလို အခြေခံသိရမယ့်အရာတွေ အများကြီး လိုအပ်ပါတယ်။ သစ်ခွ tissue culture မျိုးပွား နည်းသင်တန်း ယခုထိ မရှိသေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပန်းပင်မှာရွက်စားပိုးအဝါကောင်လေးတွေကျတာဘာဆေးသုံးလို့ရမလဲ
ဖြေကြားချက် 1 ခု
မေမြို့ပဲစိူက်ပျိုးနည်းသ်ချင်ပါတယ်...ကျရောက်တတ်သောရောဂါ..ပြုစုနည်း...ရောဂါနင့်ဆေးဘယ်လိုအသုံးပြုရမလည်းသိချင်ပါ...
ဖြေကြားချက် 1 ခု
ကျွန်တော်အက်စတာပန်းစိုက်ချင်လို့ပါစိုက်နည်းမသိလို့စိုက်နည်းလေးကိုရှင်းပြပေးပါခင်ဗျ
ဖြေကြားချက် 0 ခု
ပန်းဂန္ဓမာစိုက်နည်းနဲ့စိုက်ပျိုးဘောင်အနေအထားလေးသိချင်ပါတယ်ဆရာတို့
ဖြေကြားချက် 1 ခု
ကျနော် ပိန်းပန်းတွေ အရွက်တွေ ခြောက်ခြောက်နေတယ်ဗျာ သိတဲ့ ဆြာများရှိရင် ကူညီပေးပါ ။
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ