အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Thaung htay
Thaung htay 293
လွန်ခဲ့သော ၇ နှစ် က · ကျွန်းစု

ကွမ်းသီးတွေမိုးရာသီမာအသီးတွေကြွေနေတာဘယ်လိုလုပ်ရမလဲလမ်းပြပေးပါခင်ဗျား

ပိုးမွှားရောဂါ ကွမ်းသီး

ဖြေကြားချက် ၂ ခု

ayethandasoe
ayethandasoe 31,851 လွန်ခဲ့သော ၇ နှစ် က

မိုးများလွန်းရင် ကွမ်းသီးတွေကြွေတာဟာ အပင်လေဝင်လေထွက်မကောင်းလို့ပါ မိုးဆက်ပြီး အသီးခိုင်တွေမှာ မှိုရောဂါကျပါတယ် မိုးမတိုင်မှီ အပင်မှာ မှိုရောဂါကျရောက်မှု လျော့စေဖို့ ဘော်ဒိုဆေးရည်ကို ပင်စည်မှာ သုတ်ပေးရပါမယ်။ အပင်ပေါ် ဆေးဖြန်းနိုင်မယ်ဆိုရင် အသီးခိုင်ကို ဘော်ဒိုဆေးရည်ဖြန်းပေးရမှာပါ။ အသီးကြွေတာက မှိုရောဂါကြောင့်ဖြစ်နိုင်သလို မြေချဉ်လို့လည်း ဖြစ်တတ်ပါတယ်။ မိုးမတိုင်မှီ ပိုတက်နဲ့တီစူပါမြေသြဇာ ထည့်ပေးပါ ဒါမှမဟုတ် သဘာဝမြေသြဇာ မြေဆွေးကို အပင်မှ ၁၂ လက်မအကွာမှာ ထည့်ပေးပါ။

သိမ့်ဇာ
သိမ့်ဇာ 79,225 လွန်ခဲ့သော ၇ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။